ကောင်လေးက သဘောကျပေမယ့် ၀န်မခံရဲတဲ့ လက္ခဏာရပ်များ

အမျိုးသမီးတစ်ယောက် ဘ၀မှာ ကိုယ်ကလည်း သူ့ကိုသဘောကျတယ်၊ သူကလည်း ကိုယ့်ကို သဘောကျတယ် ဒါပေမယ့် သူက လုံးဝဖွင့်မပြောလို့ တစ်ယောက်တည်း ကြိတ်မနိုင်ခဲမရ ဖြစ်နေတာမျိုး ကြုံရတတ်ပါတယ်။ တစ်ချို့ကကျတော့ ကိုယ့်ကို သဘောကျမှန်း မသိကြပါဘူး။ ဒီတော့ အောက်ပါလက္ခဏာရပ်တွေနဲ့ တိုက်ဆိုင်နေရင် သူ သင့်ကို သဘောကျပေမယ့် ၀န်မခံရဲသေးတဲ့ လူတစ်ယောက်ဆိုတာ သိသာစေပါတယ်။

(၁) ခဏခဏ ခိုးကြည့်တယ်

သင်နဲ့ ကောင်လေး အုပ်စုထဲမှာ တစ်စုံတစ်ယောက်က သင့်ကို ခဏခဏ ခိုးကြည့်လေ့ရှိတယ်၊ ဒါကိုလည်း သင်က သတိထားမိတယ်ဆိုရင် အောက်ပါအချက်တွေကို ဆက်လက် လေ့လာကြည့်လိုက်ပါ။ သူ သင့်ကို ကြိုက်နေတယ်ဆို
တာ သေချာပါတယ်။

(၂) စကားစပြောတယ်၊ ဒါပေမယ့် မလုံမလဲဖြစ်နေတယ်

သင်နဲ့ စကားပြောတဲ့ အခါတိုင်း သူ့ပုံစံက စကားတွေ အယောင်ယောင် အမှားမှား ဖြစ်နေတာမျိုး၊ စကားလုံးတွေက သိသိသာသာ တိုတောင်းတာမျိုး ဖြစ်နေရင် သူ သင့်ကို ကြိတ်သဘောကျနေပါပြီ။

READ
ချစ်သူသစ်ရသွားတဲ့ Ex နဲ့ပတ်သက်ပြီး သင့်ဘက်က ထားရှိရမယ့် သဘောထားများ

(၃) သင်နဲ့ပတ်သက်တာတွေကို သူ အကုန်သိနေတယ်

သင်နဲ့ပတ်သက်တဲ့ Personal အချက်အလတ် တော်တော်များများကို သူက သိနေတာမျိုးဆိုရင်လည်း သူ သင့်ကို သဘောကျနေတယ်ဆိုတာ သေချာသလောက်ပါဘဲ။ တစ်ချို့တွေက သူတို့မွေးနေ့ကို သာမန်သာ ဖြတ်သန်းကြပေမယ့် ကိုယ်သဘောကျသူရဲ့ မွေးနေ့ကျတော့ တိတိကျကျ မှတ်သားထားတာမျိုး ရှိတတ်ပါတယ်။ ဒီသဘောပါ။

(၄) သင်ဝမ်းနည်းနေတဲ့အခါ သူ နှစ်သိမ့်ချင်တဲ့ပုံစံမျိုး ပြတယ်

သင် တစ်စုံတစ်ခုကြောင့် စိတ်ထိခိုက် ၀မ်းနည်းနေတဲ့ ပုံစံမျိုး ဖြစ်နေတဲ့အခါမျိုးမှာ သူဟာ သင့်အနီးအနား ပတ်ပတ် လည်မှာ ဝေ့လည်ကြောင်ပတ် ရှိနေပြီး နှစ်သိမ့်ပေးချင်တဲ့ ပုံစံမျိုး ပြလေ့ရှိတယ်ဆိုရင် သူ ကြိတ်ကြွေနေတယ်ဆိုတဲ့ သဘောပါ။

(၅) သင့်ကို ပုဂ္ဂိုလ်ရေးမေးခွန်းတွေ မေးလေ့ရှိတယ်

လူတစ်ယောက်ကို စိတ်ဝင်စားပြီဆိုရင် သူ့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလတ်တွေကို စိတ်ဝင်စားလေ့ရှိပါတယ်။ တစ်ခါတလေ စကားလမ်းကြောင်း သင့်လို့ မေးတာမျိုးဆိုပေမယ့် သင် ဖြေတဲ့အဖြေကို သူ လုံးဝ မှတ်မိနေတတ်ပါ တယ်။ ဒါကလည်း သူ သဘောကျနေပြီဆိုတာ မြင်သာစေတဲ့ အချက်ပါဘဲ။

READ
ရုပ်ရည်နဲ့မသက်ဆိုင်ဘဲ စန်းပွင့်စေနိုင်မယ့်နည်းလမ်းများ

(၆) အသေးစိတ် မက်ဆေ့ပို့တယ်

သူ ဘာလုပ်နေတယ်၊ ဘာစားနေတယ်၊ ဘယ်သူတွေနဲ့ ရှိနေတယ်ဆိုတာကို သင် မမေးပဲ အခါပြောလေ့ရှိတဲ့ အမျိုးသား တစ်ယောက် သင့်ပတ်ဝန်းကျင်မှာ ရှိနေပြီဆိုရင် ဒီလူ ငါ့ကို စိတ်ဝင်စားနေပြီလားဆိုတာ နှစ်ခါပြန် စဉ်းစားစရာ မလိုအောင် သေချာပါတယ်။

(၇) သဘောကျတယ်ဆိုတာ သင်သိစေဖို့ ပြုမူတယ်၊ ဒါပေမယ့် သူက ၀န်မခံဘူး

ဘယ်သူပဲဖြစ်ဖြစ် ကိုယ် သဘောကျတဲ့သူကို ပိုင်ဆိုင်ဖို့ မကြိုးစားတောင် အနည်းဆုံးတော့ သူ သဘောကျနေတာကို ကာယကံရှင် သိအောင် ကြိုးစားကြလေ့ရှိပါတယ်။ ဖွင့်ပြောတာ မပြောတာ အပထား ကာယကံရှင်က သိကြောင်း အသိအမှတ်ပြုတဲ့ ပုံစံမျိုး ပြရင် သူတို့ ကျေနပ်ကြတာပါဘဲ။ ဒါကလည်း သင့်ကို သူ ကြိတ်ကြွေနေပြီဆိုတဲ့ သဘောပါ။

ညီလင်းထက် (Shwemom)

source : herinterest.com

SHARE