သင်ဟာဥာဏ်ရည်မြင့်မားလွန်းတဲ့ မိန်းကလေးဖြစ်ကြောင်းသိနိုင်မယ့်အချက်များ

တစ်ခါတလေ သင်ဟာ တော်တော်များများနဲ့ သဟဇာတမဖြစ်တာ၊ တစ်ယောက်တည်းဖြစ်နေတာ များနေတာ ဆိုရင် တခြားကိစ္စတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ဥာဏ်ရည်မြင့်မားလွန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေဟာ သင်နဲ့ ကိုက်တယ်ဆိုရင် သင့်ကိုသင် ဥာဏ်ရည်မြင့်မားလွန်းသူအဖြစ် ဂုဏ်ယူလိုက်ပါ။

(၁) ကိုယ်ကိုယ်ကို ဥာဏ်တုံးတယ်လို့ထင်တယ်

ဥာဏ်ရည်မြင့်တဲ့သူ တော်တော်များများက သူတို့ကိုသူတို့ တုံးတယ် လို့ထင်တတ်ကြပါတယ်။ အဲဒါနဲ့ ဆန့်ကျင်စွာ ဥာဏ်ရည်နိမ့်တဲ့သူတွေကလည်း သူတို့ကိုသူတို့ ဥာဏ်ကောင်းတယ်လို့ထင်တတ်ကြပြန်တယ်။ အမှန်တကယ် ဥာဏ်ရည်မြင့်တဲ့သူတွေက သူတို့ကိုသူတို့ တုံးတယ်လို့ဘယ်လောက်ထင်ထင် အချိန်တန်ရင် ကြိုးစားတာချင်းတူတူ သူများတွေထက် သာနေပါတယ်။

(၂) တစ်ယောက်တည်းနေရတာကြိုက်တယ်

သင်ဟာ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်နဲ့ ကွက်တိ အဆင်ပြေတဲ့သူ ရှားလွန်းတာကတစ်ကြောင်း၊ လိုက်ညှိနေရတာကို စိတ်မရှည်တာက တစ်ကြောင်း၊ လူအများနဲ့ မနေတတ်တာတစ်ကြောင်း အဲဒါတွေကြောင့်ပါ။ ပြီးရင်တစ်ယောက်တည်း အခန်းထဲအောင်းပြီး အတွေးနယ်ချဲ့နေရတာကိုသဘောကျတဲ့သူ ဆိုရင်တော့ ဥာဏ်ရည်မြင့်မားတဲ့သူဖြစ်လို့ပါ။

READ
ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကြားက အချစ်ကြီးချစ်နေကြတဲ့ ထူးထူးခြားခြားစုံတွဲများ

(၃) အပျင်းထူတယ်

ဥာဏ်ရည်မြင့်တဲ့သူတော်တော်များများဟာ အပျင်းထူကြပါတယ်။ ချက်ချင်းထလုပ်လို့ရတဲ့ အရာတွေကို နောက်ရွှေ့ပြီး အချိန်ကပ်တော့မှ ထလုပ်တတ်တဲ့သူတွေပါ။ တခြားသူတွေက တစ်ခုခုကို တစ်နာရီလောက် ဖြေးဖြေးမှန်မှန်လုပ်နေကြတဲ့ အချိန်မှာ သူတို့ကတော့ ၄၅မိနစ်လောက် နည်းကိုစဉ်းစားပြီး ၁၅မိနစ်လောက်နဲ့ လွယ်လွယ်လုပ်သွားကြတဲ့သူတွေပါ။

(၄) ပညာသားပါပါရန်ဖြစ်တတ်တယ်

ဆိုလိုတာက ဥာဏ်ရည်မြင့်တဲ့သူတွေဟာ အော်ကြီးဟစ်ကျယ်ရန် မဖြစ်တတ်ပါဘူး။ ဒါပေမယ့် တနုံ့နုံ့ခံစားနေရအောင် ပညာရှိနည်းနဲ့တော့ ကောင်းကောင်းပညာပေးတတ်ကြပါတယ်။ သူတို့ လက်မခံတဲ့ အရာတွေ၊ လုပ်မပေးနိုင်တဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်ကြပါတယ်။ အမြင်မတူတာနဲ့ပဲ လေးစားမှုလျော့သွားတတ်တဲ့ သူမျိုးတွေတော့ မဟုတ်ပါဘူး။

(၅) အမှားတွေကနေသင်ခန်းစာယူတယ်

ဥာဏ်ရည်မြင့်မားသူတွေဟာ မှားပြီးသားအမှားတွေကို ထပ်မှားလေ့မရှိပါဘူး။ အမှားတွေကနေ အမြဲတမ်းသင်ခန်းစာ ယူတတ်ကြလို့ပါ။ သူတို့ဘယ်လောက်မှားမှား အမြဲတမ်း သင်ခန်းစာယူတတ်ကြပါတယ်။

READ
ကျန်းမာတဲ့ပန်ကရိယပိုင်ဆိုင်ဖို့ မှီဝဲသင့်တဲ့အစားအသောက်များ

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE