ကြိုးစားစရာမလိုပဲ အမြန်ဆုံး ပိန်သွားစေမယ့် အလေ့အထကောင်းများ

ဝိတ်ကျဖို့၊ ပိန်ဖို့အတွက် အများကြီး ကြိုးစားနေရတယ်၊ ပင်ပန်းတယ်လို့ ခံစားရရင်မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝိတ်ကျဖို့အတွက် အများကြီးအပင်ပန်းခံစရာမလိုတဲ့ အလေ့အထကောင်းလေးတွေ ရှိနေလို့ပါ။ ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ရင် အချိန်တိုအတွင်းပိန်သွားတာကို တွေ့ရမှာပါ။

(၁) အပြာရောင်ပန်းကန်ကိုအသုံးပြုပါ

သုတေသနတစ်ခုမှာ ဖော်ပြထားတာက အပြာရောင်ဟာ အစားစားချင်စိတ်ကိုလျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့ ထမင်းစားစားပွဲ၊ ခန်းဆီးလိုက်ကာ၊ ခွက်၊ လက်သုတ်ပုဝါတွေကို အပြာရောင်ပြောင်းကြည့်လိုက်ပါ။ ဒီနည်းလမ်းကို အရောင်ပိုင်းဆိုင်ရာ စိတ်ပညာလို့ခေါ်ပြီး တစ်ချို့အရောင်တွေက အစား စားချင်စိတ်ကို လျော့နည်းစေသလို၊ တစ်ချို့အရောင်တွေက အစား စားချင်စိတ်ကို မြင့်တက်စေပါတယ်။

(၂) အကောင်းမြင်စိတ်ထားပါ

အကောင်းမြင်စိတ်ဟာ ခန္ဓာကိုယ်ကိုအများကြီး အကျိုးသက်ရောက်ပါတယ်။ ဥပမာ- ငါဒီနေ့ ထမင်းတစ်ပန်းကန်ပဲစားတယ်၊ ငါတစ်ပေါင်ကျသွားတယ်၊ သရေစာတွေ လျှော့စားနိုင်ခဲ့တယ် ဒီလိုမျိုးလေးတွေကို တွေးပေးပါ။ နောက်ပြီး သင့်ရဲ့ပန်းတိုင်ကို အာရုံစိုက်ကာ ဖြေးဖြေးချင်းကြိုးစားလိုက်ပါ။ ဒါဆိုရင်တော့ ပန်းတိုင်ကို လျင်မြန်စွာရောက်ရှိတာကို တွေ့ရမှာပါ။

READ
ရုံးပတီသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး

(၃) နာရီဝက်လေ့ကျင့်ခန်းလုပ်ပေးပါ

အစားအသောက် ဆင်ခြင်တာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ခန္ဓာကိုယ်လှုပ်ရှားမှုရှိမှသာ ကျန်းမာကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအတွက် အချိန်အများကြီးပေးစရာမလိုပါဘူး။ ကိရိယာလွတ် လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ နာရီဝက် ပုံမှန်လုပ်ပေးရင် လုံလောက်ပါပြီ။

(၄) ဖြေးဖြေးစားပါ၊ တစ်ယောက်တည်းစားပါ

မြန်မြန်စားခြင်းဟာ မကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သင့်ဦးနှောက်က တော်ပြီလို့အချက်မပြခင်မှာ သင်ကလိုတာထက် ပိုစားမိပြီ ဖြစ်လို့ပါ။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စားတဲ့အခါမှာ လိုတာထက်ပိုပြီး စားမိတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ အစားအသောက် စားတဲ့အခါ ဖြေးဖြေးချင်းစားပါ၊ တစ်ယောက်တည်းစားပါ။

(၅) တီဗီ၊ ကွန်ပျူတာရှေ့မှာ မစားပါနဲ့

တီဗီ၊ ကွန်ပျူတာစတဲ့ အရာဝတ္ထုတွေရှေ့မှာ စားသုံးခြင်းက အစားအသောက်ကို အာရုံမစိုက်နိုင်တာကြောင့် ဘယ်လောက်စားမိမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ဒီလိုမျိုး တီဗီနဲ့ ကွန်ပျူတာရှေ့မှာ စားမယ့်အစား မှန်ကြည့်ပြီးစားတာ ပိုပြီးသင့်တော်ပါတယ်။

READ
တစ်နေ့ကို အရက်တစ်ခွက်ပုံမှန်ယောက်ပါက အသက် ၉၀ အထိနေနိုင်ပါတယ်တဲ့

(၆) ဒိန်ချဉ်နဲ့ အစေ့အဆန်တွေစားသုံးပေးပါ

သုတေသနတစ်ခုမှာ ဖော်ပြထားတာက အစေ့အဆန်တွေနဲ့ ဒိန်ချဉ်ဟာ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။

(၇) ငရုတ်သီးထည့်စားပါ

ငရုတ်သီးဟာ အဆီတွေကိုလောင်ကျွမ်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါကြောင့် နေ့တိုင်း အစာစားတဲ့အခါ ငရုတ်သီးကို ထည့်စားပေးသင့်ပါတယ်။

နောက်ပြီးပျိုမေတို့အတွက် အပိုလက်ဆောင်လေးတစ်ခုကတော့ ဗိုက်အရမ်းဆာတဲ့အချိန်မှာ ငှက်ပျောသီးအနံ့လေးကို ရှူလိုက်တဲ့အခါ အလိုလို ဗိုက်ပြည့်သွားမှာပါ။ ကဲ…အထက်ပါနည်းလမ်းတွေက ဘယ်လောက်တောင်လွယ်ကူပြီး အကျိုးရှိလိုက်လဲနော်။ ပျိုမေတို့ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။

Em Em

SHARE