အရသာရှိတယ်လို့ပြောနေကြတဲ့ စင်္ကာပူနိုင်ငံက ရိုဘော့ချက်ပြုတ်တဲ့ ထမင်းကြော်

instagram/fodevarer

စင်္ကာပူနိုင်ငံက ခေတ်ရှေ့ပြေးနေတဲ့ကော်ဖီဆိုင်တစ်ဆိုင်မှာတော့ လာရောက်စားသုံးသူတွေနဲ့ စည်ကားနေပါတယ်။ ဆိုင်ရဲ့ထူးခြားချက်က စက္ကန့်၂၀အတွင်း ထမင်းကြော်ကြော်ပေးနိုင်တဲ့ ရိုဘော့တွေကြောင့်ပါ။ Bowl & Bowl café ကို စင်္ကာပူ Toa Payoh မှာဖွင့်လှစ်ထားတာပါ။ ဆိုင်မှာတော့ ထမင်းကြော်အမျိုးမျိုးနဲ့ ထမင်းကြော်ထဲထည့်ဖို့ ရွေးချယ်စရာ အစာပလာမျိုးစုံရှိပါတယ်။

ဆိုင်ထဲမှာ စားသုံးသူတွေစိတ်ဝင်စားကြတဲ့ ရိုဘော့အကြော်ဒယ်အိုး ၅လုံးရှိပါတယ်။ ဆိုင်မီနူးမှာတော့ လူအစားများတဲ့ အမယ်၁၁ မျိုးကိုပေးထားပါတယ်။ အက်ဒမာမီပဲသီးစိမ်း၊ ကြက်၊ ပုစွန်၊ ဘဲကင်၊ ငရုတ်ကောင်းအမဲသား၊ ဆော်လမွန်ငါးအပြင် သတ်သတ်လွတ်သမားတွေအတွက်လည်း ရွေးချယ်စရာတွေရှိပါတယ်။

 

View this post on Instagram

 

A post shared by Fødevarer (@fodevarer)

မိမိနှစ်သက်ရာကို အော်ဒါတင်ပြီးရင်တော့ ရိုဘော့ထမင်းကြော်နေတာကို မျက်မြင်တွေ့နိုင်ပါတယ်။ ရိုဘော့ဒယ်အိုးတွေဟာ ကြက်ဥတွေကိုအရင်ဖောက်ထည့်၊ ပြီးမှ ထမင်းဖြူပူပူထည့် ကြက်သွန်မြိတ်တွေဖြူးကာ ကြော်လှော်ကြတာပါ။ ကြော်ပြီးရင်တော့ ဆိုင်ဝန်ထမ်းတစ်ဦးကနေ အော်ဒါထဲကအတိုင်း စားသုံးသူထည့်ချင်တဲ့ အသား၊ အရွက် စသဖြင့် အမယ်တွေထည့်ပြီး ဇွန်းထည့်ပေးလိုက်ပါတယ်။ ဆိုင်ကတော့ ရိုဘော့ဒယ်အိုးတွေကို ထမင်းကြော်တဲ့အခါ အချိုးအစားကွက်တိဖြစ်အောင် စီစဉ်ထားပါတယ်။

READ
စွန့်ပစ်ပစ္စည်းတွေကိုသုံးပြီး ချစ်စရာအိမ်လေးတွေရဲ့ဖန်တီးရှင်လက်သမားဆရာ

ရိုဘော့တွေနားမှာတော့ စက်က ယူငင်ချက်ပြုတ်နိုင်အောင် ထမင်းနဲ့ ကြက်ဥတွေကို အသင့်ပြင်ထားတာတွေ့ရပါတယ်။ ဒယ်အိုးမှာတော့ ရိုဘော့က ကြက်ဥနှစ်လုံးကို ဖောက်မထည့်ခင်ကတည်းက အလိုအလျောက်ဆီထည့်ပေးပြီးသားပါ။ ဒယ်အိုးအဖုံးပိတ်လိုက်တာနဲ့ ကြက်ဥကြော်ပြီးသွားပါပြီ။

 

 

View this post on Instagram

 

A post shared by Fødevarer (@fodevarer)

အိုးဖုံးပြန်ဖွင့်တဲ့အခါ ထမင်းတစ်ပန်းကန်နဲ့ ကြက်သွန်မြိတ်တွေကို ရိုဘော့က ထည့်လိုက်ပါတယ်။ တဖန် အိုးဖုံးပြန်ပိတ်ပြီး အထဲက အစာပလာတွေကောင်းကောင်းသမသွားတဲ့အထိ သူ့ဘာသာသူ အလိုအလျောက်ကြော်လှော်နေပါတော့တယ်။ ပြီးရင်တော့ ဆိုင်ဝန်ထမ်းက ထမင်းကြော်ကို ခပ်ထည့်ပြီး ဒက်ဒမာမီပဲသီးစိမ်း၊ ချယ်ရီခရမ်းချဉ်သီး၊ ပြောင်းဖူး၊ အမဲသားလွှာ၊ ကြက်ဥပြုတ်စတာတွေကို ဖြူးထည့်ပါတယ်။ ရိုဘော့စားဖိုမှုးတွေနဲ့ပတ်သက်လို့ စားသုံးသူတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ အရသာ တော်တော်လေးကောင်းမွန်တယ်လို့လည်း Dailymail အရ သိရပါတယ်။

READ
ဘတ်စ်ကားခေါင်မိုးပေါ်မှာ စိုက်ပျိုးထားတဲ့ စင်ကာပူရဲ့ ပထမဆုံး ရွေ့လျားဥယျာဉ်

ShweMom

SHARE