၂၀၂၀ ကျော်လွန်သွားပြီးရင် ကိုဗစ်ငြိမ်ဖို့မျှော်လင့်ကြပေမယ့် အခုထိတော့ အခြေအနေတွေက စိတ်ချရပြီလို့ မယူဆနိုင်သေးပါဘူး။ Mask တွေလည်း မဖြစ်မနေတပ်နေရတုန်းပဲဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူက ကိုဗစ်ကာကွယ်ဖို့ ခွဲစိတ်ခန်းသုံး mask တွေကပဲ လုံခြုံစိတ်ချမှုပေးနိုင်တယ်လို့ ထင်နေရင်တော့ အခုတွေ့ရမယ့် Carbon mask တွေက စာဖတ်သူရဲ့အမြင်ကို ပြောင်းလဲစေနိုင်မှာပါ။
View this post on Instagram
Carbon mask တွေကိုတော့ Cindy နဲ့ Sandra Leow အမည်ရတဲ့ ညီအစ်မနှစ်ဦးက ဖန်တီးခဲ့တာပါ။ ခွဲစိတ်ခန်းသုံး mask တွေနေရာမှာ အစားထိုးနိုင်တဲ့ အသက်ရှူချောင်ပြီး စတိုင်ကျလှပတဲ့ mask တွေကို တီထွင်ခဲ့တာဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးဟာ သူတို့လိုချင်တဲ့ mask ကို ဈေးကွက်ထဲမှာရှာမတွေ့တာနဲ့ ကိုယ်ပိုင် mask တွေဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်က အသက်၁၉ နှစ်နဲ့ ၂၃နှစ်ပဲရှိပါသေးတယ်။
View this post on Instagram
“ကျွန်မတို့က mask အမျိုးအစားအမျိုးမျိုးကို ရာနဲ့ချီပြီးစမ်းသပ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်မတို့ရှာနေတဲ့ mask ကိုမတွေ့ဘူးလေ။ ကျွန်မတို့က မျက်နှာပေါ်ဝတ်လိုက်တာနဲ့ သက်တောင့်သက်သာဖြစ်တာ လိုချင်တယ်။ ဝက်ခြံလည်းမပေါက်စေချင်ဘူး။ အသက်ရှူလည်းချောင်ရမယ်။ ကြည့်လည်းကြည့်ကောင်းရမယ်။” လို့ ပြောခဲ့တာပါ။
ခွဲစိတ်ခန်းသုံး mask တွေဟာ အလွယ်တကူရနိုင်ပေမယ့် စတိုင်ကျမလှပတဲ့အပြင် သက်တောင့်သက်သာလည်းမရှိကြောင်း၊ ရေရှည်မခံကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ ဒါကြောင့် ပြန်လည်းအသုံးပြုနိုင်မယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းစေမယ်၊ စတိုင်လည်းကျရမယ်ဆိုတာမျိုးတွေကို mask တစ်ခုတည်းမှာရအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။ တခြား ပြန်လည်အသုံးပြုနိုင်တဲ့ mask တွေကတော့ အများဆုံး အခါ ၂၀ကနေ ၃၀အထိသာ အသုံးပြုနိုင်ပေမယ့် Carbon mask တွေကတော့ mask ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဝတ်ဆင်သရွေ့ တစ်သက်လုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ mask ကို အချိန်ပေးလျှော်ပြီး သူ့ထဲက filter ကို လဲပေးရုံပဲဖြစ်ပါတယ်။
View this post on Instagram
အခုဆိုရင်တော့ ညီအစ်မနှစ်ဦးဟာ ၆လအတွင်း mask အခုရေ ၁သိန်းကိုရောင်းချခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ သူမတို့ဟာ mask brand ကို မလေးရှားကနေတဆင့် တစ်ကမ္ဘာလုံးအထိ ဖြန့်ကျက်ဖို့ရည်ရွယ်နေပါတယ်။ Carbon Air mask စီးရီးတွေမှာတော့ နေဗီပြာ၊ မီးခိုး၊ အနက်ရောင် သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး mask ကို အကျဉ်းအကျယ်လုပ်နိုင်တဲ့ သိုင်းကြိုးတွေလည်းပါဝင်ပါတယ်။ Carbon mask ဈေးနှုန်းကတော့ တစ်ခုကို ၃၅ မလေးရှားရင်းဂစ်ရှိတယ်လို့ သိရပါတယ်။
View this post on Instagram
ShweMom