Selfie ဓာတ်ပုံတစ်ပုံကြောင့်အရေပြားကင်ဆာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာရှာဖွေမှုတိုးလာခဲ့

Facebook စာမျက်နှာပေါ်မှာ Tawny Willoughby အမည်ရှိ ကလေးမိခင်တစ်ယောက်ကနေ အရေပြားကင်ဆာကြောင့် သူမမျက်နှာပျက်စီးနေတဲ့ပုံကို တင်ခဲ့ပါတယ်။ သူမဓာတ်ပုံဟာ အွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက်ပိုင်း အရေပြားကင်ဆာနဲ့ပတ်သက်လို့ Google မှာရှာဖွေမှုတွေများပြားလာကြောင်း Dailymail သတင်းစာမျက်နှာမှ သိရပါတယ်။

အဆိုပါဓာတ်ပုံကိုတော့ ဧပြီလ(၂၅)ရက် ၂၀၁၅ခုနှစ်မှာတင်ခဲ့ပြီး ဓာတ်ပုံမှာတော့ ဆယ်ကျော်သက်အရွယ်တုန်းက တစ်ပတ်ကို (၄)ကြိမ်ကနေ (၅)ကြိမ်အထိ နေပူဆာလှုံတဲ့အတွက် မျက်နှာမှာ အခုလိုအမာရွတ်တွေနဲ့ အရေကြည်ဖုတွေပေါက်ခဲ့ရကြောင်း ရေးသားထားပါတယ်။ သူမရဲ့ဓာတ်ပုံကို အွန်လိုင်းမှာ Share လုပ်ထားသူပေါင်း ထောင်ကျော်ရှိခဲ့ပြီး လူတွေအာရုံစိုက်ခံခဲ့ရကြောင်း သိရပါတယ်။

ဆရာဝန်တွေကတော့ ၂၀၁၃ တုန်းက ရင်သားခွဲထုတ်ခံခဲ့ရတဲ့ Angelina Jolie ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လူတွေကလိုက်လံရှာဖွေခဲ့ပါတယ်။ Willoughby ရဲ့အရေပြားကင်ဆာနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ဓာတ်ပုံတင်လိုက်တဲ့အခါ သူမဟာ Jolie လိုကျော်ကြားသူမဟုတ်ပေမယ့် သူမရဲ့ဓာတ်ပုံကြောင့် ကင်ဆာဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ရှာဖွေလေ့လာမှုတွေများခဲ့ကြောင်း သိရပါတယ်။

READ
တစ်ပြိုင်တည်း ကိုယ်ဝန်ရပြီး ကလေးမွေးခဲ့ကြတဲ့ မူလတန်းကျောင်းဆရာမများ

တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ Willoughby ဟာဆေးကုသမှုခံယူပြီးနောက် အဖုအပိမ့်ကင်းစင်နေတဲ့ သူမမျက်နှာကို Selfie ရိုက်တင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူမဟာ အရေပြားကင်ဆာကိုဆက်လက်ကုသနေဆဲဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းတုန်းကလည်း သူမရဲ့နောက်ကျောက basal cell carcinoma အမည်ရှိ အရေပြားကင်ဆာတစ်မျိုးကိုဓာတ်ပုံရိုက်ပြီး အွန်လိုင်းတင်ကာ နေလောင်ဒဏ်ခံရတဲ့အကြောင်း၊ tanning beds တွေရဲ့ဆိုးကျိုးတွေနဲ့ အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ ဆက်စပ်နေပုံတို့ကိုလည်း ပြောပြခဲ့ပါတယ်။

Willoughby ရဲ့ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာ အကြိမ်ပေါင်း (၅)သောင်းကျော် Share ထားခံခဲ့ရပါတယ်။ မမျှော်လင့်ပဲ Willoughby ရဲ့Selfie ဟာ လူထုကြားတဲ့ အရေပြားကင်ဆာကာကွယ်ဖို့ ပညာပေးအနေနဲ့ ထိရောက်စွာ ရောက်သွားခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အရေပြားကင်ဆာဟာ လူအဖြစ်အများဆုံးရောဂါဖြစ်ကြောင်းလည်းသိရှိရပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE