သင်ဟာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဆိုရင် နေ့စဉ် သင့်အသားအရေကို ဂရုစိုက်ဖို့ လိုအပ်ပါ
သည်။ အသက် ၂၀ အရွယ်မှာ Skin Care လုပ်ခြင်းက အသက် ၄၀ အရွယ်မှာ နုပျိုတဲ့ မျက်နှာကို
ပိုင်ဆိုင်နိုင်မည့် အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ အောက်ပါအချက်တွေကို လိုက်နာဆောင်
ရွက်မည်ဆိုပါက ကျန်းမာလှပသည့် အသားအရေကို ပိုင်ဆိုင်ဖို့ လွယ်ကူပါတယ်။
၁။ မျက်နှာသစ်ဆပ်ပြာသုံးပါ။
သာမန်ဆပ်ပြာနှင့် မျက်နှာသစ်ခြင်းက ကြီးမားသည့် အမှားတစ်ခု ဖြစ်ပါသည်။ သင့်အသားအရေအတွက်
မကောင်းပါဘူး။ ဒါကြောင့် အရည်အသွေးကောင်းသည့် မျက်နှာသစ်ဆပ်ပြာကို သုံးပါ။
၂။ Moisturizer နေ့စဉ်သုံးပါ။
အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့ moisturizer နေ့စဉ် သုံးပါ။ အသက် ၂၀ အရွယ်မှာ အရမ်း
ပြင်းသည့် moisturizer ကို မသုံးပါနဲ့။ သင့်အသားအရေနှင့် သင့်တော်မည့် moisturizer ကို ရွေးချယ်သုံးပါ။
၃။ နေဒဏ်မှ မျက်နှာ နှင့် လည်ပင်းကို ကာကွယ်ပါ။
SPF ပါဝင်သည့် နေရောင်ကာလိမ်းဆေးကို အသားအရေကို နေဒဏ်မှ ကာကွယ်ဖို့ သုံးပါ။ သင် ဘယ်အသက်
အရွယ်ပဲဖြစ်ဖြစ် သင့်အသားအရေကို ထိန်းသိမ်းဖို့ နေရောင်ကာလိမ်းဆေး သုံးသင့်ပါသည်။
၎။ မိတ်ကပ်မဖျက်ဘဲ မအိပ်ပါနဲ့။
ညဖက် မိတ်ကပ်မဖျက်ဘဲ အိပ်ပါက မနက်အိပ်ရာ နိုးလာသည့်အခါ သင့်မျက်နှာ အဆီပြန်ပြီး
ညစ်ပတ်နေ ပါလိမ့်မည်။ ဒါကြောင့် အိပ်ရာမဝင်မီ အမြဲတမ်း မျက်နှာသစ်ပါ။ မနက်ခင်းတွင်
သန့်ရှင်းလှပနေသည့် မျက်နှာလေးကို သင် ပိုင်ဆိုင်ပါလိမ့်မည်။
၅။ Night serum သုံးပါ။
ညဖက် မျက်နှာသစ်ပြီးသည့်အခါ night serum သုံးဖို့ မမေ့ပါနဲ့။ Night serumက ဆဲလ်တွေ
အသစ်ပြန်ဖြစ်မှုကို မြှင့်တင်ပေးပြ အသားအရေကို စိုပြေလှပစေပါသည်။
၆။ ဝက်ခြံကို မညှစ်ပါနဲ့။
ဝက်ခြံကို ညှစ်လိုက်သည့်အခါ ယောင်ကိုင်းလာပြီး အမာရွတ် ကျန်စေပါသည်။ ဝက်ခြံကို မညှစ်ဘဲ
ဒီအတိုင်း ထားပါ။ မထိပါနဲ့။ ဝက်ခြံပျောက်ဆေး အနည်းငယ်ပဲ သုံးပါ။ အချိန်တန်ရင် အမာရွတ်မကျန်
ဘဲ အလိုလို ပျောက်သွားပါလိမ့်မည်။
၇။ သင့်အသားအရေကို အလွန်အကျွံ ဂရုမစိုက်ပါနဲ့။
အသက် ၂၀ အရွယ်မှာ cream တွေ အများကြီး မသုံးပါနဲ့။ အလှပြင်ပစ္စည်းတွေလည်း အရမ်းမသုံးပါနဲ့။
ဆဲလ်သေတွေကို ဖယ်ရှားခြင်းက လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်ပြင်းထန်သည့် ချေးချွတ်ခြင်းက သင့်
အသားအရေကို ထိခိုက်စေနိုင်ပါသည်။အသက် ၂၀မှာ သင့်အသားအရေကို ဂရုမစိုက်ပါက သင့်မျက်နှာမှာ
အရေးအကြောင်းတွေ စောစီးစွာ ပေါ်ပေါက်လာပါလိမ့်မည်။ သင့်အသားအရေကို ထိန်းသိမ်းဖို့ အသား
အရေဆိုင်ရာစည်းမျဉ်းတွေကို လိုက်နာလုပ်ဆောင်ပါ။
Myanmar Online Media Team
Ref:en.amerikanki