မနက်စားမစားတဲ့သူတွေ နှလုံးရောဂါ ခံစားရဖို့ ရာခိုင်နှုန်း အလွန်များကြောင်းတွေ့ရှိ

မနက်စာ မစားတာ၊ လွတ်သွားတာမျိုးတွေက နှလုံးနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရဖို့ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြနေပါတယ်။

eggs.ca

Iowa တက္ကသိုလ်က လေ့လာသူတွေဟာ လူပေါင်း (၆၅၅၀) လောက်နဲ့ စစ်တမ်းကောက်ပြုစုခဲ့ကြတယ်။ အဲ့ဒီ့မှာ မနက်စား နေတိုင်းစားသူက ၅၉ ရာခိုင်နှုန်း၊ လုံးဝ မစားတဲ့သူက ၅.၁ ရာခိုင်နှုန်း၊ စားလေ့ စားထနည်းတဲ့ သူက ၁၀.၉ ရာခိုင်နှုန်းနဲ့ နေ့တစ်ချို့မှာ လွတ်သွားတဲ့သူက ၂၅ ရာခိုင်နှုန်းဆိုပြီး ပေါ်ထွက်လာပါတယ်။

istock

လေ့လာရေးအဖွဲ့ဟာ မနက်စားစားတဲ့ အမူအကျင့်နဲ့ နှလုံးရောဂါ အန္တရာယ်တွေအကြားက ဆက်နွှယ်မှုတေါကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ မနက်စား မစားတဲ့ သူတွေဟာ နှလုံးရောဂါဖြစ်ဖို့ အလားအလာ ၈၇ ရာခိုင်နှုန်းအထိရှိပါတယ်။

READ
အမျှင်ဓာတ်အကြွယ်ဝဆုံး အသီး(၁၀)မျိုး

မနက်စားဟာ တစ်နေ့တာလုံးအတွက် အရေးပါဆုံး အစာဖြစ်ပါတယ်။ မနက်စာ မစားတဲ့သူတွေဟာ အာဟာရမဖြစ်တဲ့ မုန့်ပဲ သရေစာတွေကို ပိုစားတတ်ကြပါတယ်။  မနက်စာက သွေးချိုအဆင့်ကို မျှတအောင် ကူညီပေးပြီး သွေးပေါင်ကိုလည်း ထိန်းသိမ်းပေးပါတယ်။

bulletproof

အမေရိကန်နိုင်ငံက နှလုံးရောဂါကုထုံး ကောလိပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မနက်စာ မစား၊ ညစာ နောက်ကျတဲ့ သူတွေဟာ နှလုံးဖောက်တာကို ခံစားရဖို့ အလားအလာရှိကြောင်းတွေ တွေ့ရပါတယ်။ ဒါကြောင့် အသက်ရှည်ရှည်နေထိုင်သွားလိုရင်တော့ မနက်စားကို အလွတ်မခံဖို့နဲ့ မဖြစ်မနေ စားသောက်ကြဖို့ တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

Ref: CNN, Dailymail

Matthew (ShweMOM)
SHARE