ဒေသတစ်ခု သာယာခြင်း၊ မသာယာခြင်းဆိုတာ အဲဒီ မြို့မှာနေထိုင်တဲ့ လူဦးရေပေါ်လည်း သွယ်ဝှက်ပြီး မူတည်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ကိုဗစ်ပြီးရင် သွားပြီး အပြည့်အဝအပမ်းဖြေအနားယူနိုင်စေဖို့ လူဦးရေ ၁ သောင်းအောက်သာ နေထိုင်တဲ့ မြို့လေးတွေအကြောင်း မျှဝေပေးသွားမှာပါ။ ကျွန်တော်တို့အနီးအနားမှ ၂ ခုလောက်ပါဝင်နေတာမလို့ ဖတ်ကြည့်လိုက်ရအောင်နော်။
နယူးဇီလန်မှ Wanaka
Wanaka ကိုသွားမယ်ဆိုရင်တော့ Alps ရဲ့ တောင်ပိုင်းကိုဖြတ်ပြီး Queenstwon အထိ လေယာဉ်စီးသွားရမှာစြဖ်ပါတယ်။ ဒီအတွက် ပြူတင်းပေါက်နားက ထိုင်ခုံကိုယူပါလို့အကြံပေးချင်ပါတယ်။ အပေါ်စီးကကြည့်ရတဲ့ ရှုခင်းဟာ ဘာနဲ့မှ မလဲနိုင်ပါဘူးတဲ့နော်။ အမြဲတမ်း အေးအေးချမ်းချမ်းနဲ့ တိတ်ဆိတ်လွန်းလှတဲ့ Wanaka ဟာ ကောင်ကင်းပြာကြီးနဲ့ ရေကန်ပြာကြနီးတို့ ထိဆုံရာနေရာမှာရှိနေပြီးတော့ Lord of the Rungs ဆိုတဲ့ နာမည်ကြီး ရေတံခွန်ကြီးလည်း ရှိနေပါတယ်။ အဲဒီက မိသားစုတွေေကတော့ အားလပ်ရပ်တိုင်း ပျော်ပွဲစားထွက်ကြတယ်၊ ရေကူးကြတယ်ဆိုတဲ့ ဓလေ့လေးတော့ ရှိနေပါတယ်။

အီတလီမှ Santa Maddalena
လူဦးရေ ၂,၁၆၆ ယောက်သာရှိနေတဲ့ ဒီနေရာလေးဟာ တကယ်တော့ကျေးရွာလေးတစ်ခုပါ။ ဒါပေမဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုက မြို့နီးနီးရှိနေပါတယ်။ Dolomites ဒေသမှာတည်ရှိနေပြီးတော့ တောင်တန်းတွေပေါများတဲ့ တောင်ပေါ်မြို့လေးပေါ့။ Ladin ဘာသာစကားကို အသုံးများပေမယ့်လို့ အီတလီနဲ့ ဂျာမန်လိုရေးထားတဲ့ အညွှန်းတွေကိုလည်း အများကြီးတွေ့နိုင်ပါတယ်။ အစားအသောက်တွေအကုန်လုံးကတော့ ဒေသအစားအစာတွေဖြစ်ပြီး ညဖက်မှာ ဆူဆူညံညံ၊ စည်စည်ကားကားမရှိတဲ့အတွက် အေးဆေးအနားယူချင်တဲ့လူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဟိုတယ်တွေလည်း သိပ်မရှိလို့ သေချာတော့ booking တင်မှ ရပါလိ့မ်မယ်။ ခရီးသွားတွေကတော့ ဒီနေရာမှာ တောင်တက်တယ်၊ camping ထွက်တယ်။

ထိုင်းနိုင်ငံမှ Ko Phi Phi
Ko Phi Phi ကျွန်းလေးဟာ လူဦးရေ ၂,၅၀၀ သာနေထိုင်တဲ့ ကျွန်းငယ်လေးတစ်ခုပါ။ ရေပြင်အနေအထား သိပ်ကိုလှပတဲ့ ထိုင်းက ကျွန်းလေးတွေနဲ့မတူတာကတော့ သူဟာ ရေ၊ လေသန့်ပြီး ရိုးရာဓလေ့ကို မသွေဖယ်တဲ့ ကျွန်းလေးဖြစ်နေတာပါပဲ။

ဂျပန်မှ Shirakawa-go
Shirakawa-go ကို ဆောင်းတွင်းဖက်ရောက်ခဲ့မယ်ဆိုရင် သင့်စိတ်ကူးအိပ်မက်ထဲက ခရစ်စမတ်မြို့တော်ကို ရောက်သွားသလို ခံစားမှုမျိုး အပြည့်ပေးစွမ်းနိုင်မှာပါ။ လူဦးရေ ၁,၆၃၀ သာရှိပြီးတော့ ရေခဲနေတဲ့ တောင်တန်း၊ မြစ်နဲ့ သစ်ပင်တွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းဟာ ဘာနဲ့မှ လဲလို့ရနိုင်မှာမဟုတ်ပါဘူး။ ဒါဟာလည်း ကျေးရွာကြီးတစ်ခုဖြစ်ပေမယ့် အရပ်ကတော့ မြို့လို့ သတ်မှတ်ထားတဲ့ နေရာလေးပါ။ ၁၉၉၅ ခုနှစ်တုန်းက UNESCO ဝင်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

သြစတီးယားမှ Hallstatt
သူကတော့ နေထိုင်တဲ့လူဦးရေ ၇၇၉ ယောက်သာရှိနေတာပါ။ သြစတီးယားရဲ့ spa မြို့တော်တွေထဲက တစ်ခုဖြစ်ပြီးတော့ အချိန်တိုင်းလိုလို နှင်းတွေဖုံးနေတဲ့ ချမ်းစိမ့်စိမ့်မြို့လေးတစ်မြို့ပါပဲ။ အိမ်လေးတွေဟာလည်း အကုန်လုံးနီးပါး ဒီဇိုင်းတူ ဆောက်ထားပြီးတော့ Dachstein တောင်တွေ ဝန်းရံထားကာ ငယ်ငယ်က မြင်ခဲ့ဖူးတဲ့ ပြက္ခဒိန်တွေရဲ့ ရှုခင်းတွေထဲ ကိုယ်တိုင်ရောက်သွားသလိုဖြစ်စေမှာပါ။

penny