စမတ်ဖုန်းနဲ့ ပတ်သက်ပြီး မဖြစ်မနေသိထားသင့်တဲ့ အချက် (၁၁)ချက်

ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းတွေက လူတိုင်းရဲ့ လက်ထဲမှာ နေရာယူနေကြပါပြီ။သင်ဟာ စမတ်ဖုန်း အသုံးပြုသူ တစ်ယောက်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ ဖုန်းနဲ့ပတ်သက်ပြီး ဒီအချက်လေးတွေကို သေချာပေါက် မဖြစ်မနေ သိထား သင့်ပါတယ်။

(၁)“auto-rotate” ကို မလိုအပ်ရင် မသုံးပါနဲ့

brightside

ဖုန်းမှာပါတဲ့ “auto-rotate” ကိုတော့ မလိုအပ်ရင် မသုံးပါနဲ့။ပိတ်ထားပေးပါ။ဒါကို ဖွင့်ထားရင် accelerometer  ဆိုတဲ့ special sensor က အလုပ်လုပ်နေပါတယ်။အဲ့ဒီ sensor က ဖုန်းဘက်ထရီ အရမ်းစားပါတယ်။ဒါကြောင့် ဘက် ထရီအကုန်မမြန်ချင်ရင် “auto-rotate” ကို Off ထားပါ။

(၂)အားသွင်းနေချိန် ဖုန်းအသုံးမပြုပါနဲ့

brightside

လူတော်တော်များများက ဒါဟာ အန္တရာယ်ရှိမှန်းသိပေမယ့်လည်း လုပ်နေကြပါတယ်။မဖြစ်သေးရင် တော့ ဘာမှ မဖြစ် ပေမယ့် ဒါဟာ အရမ်းကို အန္တရာယ်များတဲ့ အပြုအမူပါ။ဖုန်းပေါက်ကွဲတာတွေ ဖြစ်သွားစေနိုင်သလို နောက်တစ်ခုက  ဖုန်းရဲ့ ဘက်ထရီ ကိုပါ ပျက်စီးစေနိုင်ပါတယ်။ဘက်ထရီမြန်မြန်အားကုန်စေတာ၊ပျက်တာတွေ ကို ဖြစ်စေပါတယ်။

(၃)အားသွင်းတာ မြန်စေချင်ရင်..

brightside

လွယ်လွယ်လေးပါ။ဖုန်းအားသွင်းတာ မြန်ချင်ရင်၊မြန်မြန်အားပြန်ပြည့်စေချင်ရင်တော့ “Airplane Mode”  ON ပြီး အားသွင်းလိုက်ပါ။

(၄)ပုံတွေ ဆက်တိုက်ရိုက်ချင်ရင်..

brightside

ပုံတွေ ဆက်တိုက်ရိုက်ချင်ရင်၊တဖျက်ဖျက်နဲ့ ပုံကောင်းတွေ ကို တစ်ချိန်တည်းမှာ ရိုက်ချင်ရင်တော့ shutter button  ကို ဖိထား၊ထိထား ပေးရင်ရပါပြီ။

READ
ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကော်ပီပန်းချီကားဖြစ်သွားခဲ့တဲ့ Prado Mona Lisa

(၅)volume keys ကို  shutter button အဖြစ်အသုံးပြုလို့ရ

brightside

ပုံတွေရိုက်ရင်းနဲ့shutter button  ကို အကြောင်းအမျိုးမျိုးကြောင့်မ သုံးချင်၊သုံးလို့ အဆင်မပြေတာမျိုးဖြစ်ခဲ့ တယ်ဆိုရင်တော့ ဖြေရှင်းနည်းက အလွယ်လေးပါပဲ။volume keys ကို  shutter button အဖြစ်အသုံးပြုလို့ရ ပါတယ်။

(၆)video recording မှာ အသံ Quality ကောင်းချင်ရင်..

brightside

ဗီဒီယို Recording လုပ်နေတုန်းမှာ အသံ အရည်အသွေးကောင်းချင်တယ်ဆိုရင်တော့ microphone ကို  လက်ချောင်းလေးနဲ့ ဖိထား၊ထိထားပေးလိုက်ပါ။နောက်ခံဆူညံသံတွေကို ဖုံးပေးအုပ်ထားပေးသလို ဖြစ်သွားပြီး အဓိက main audio stream ကို ပိုကောင်းလာစေပါတယ်။

(၇)နေကာမျက်မှန်ရဲ့ အသုံးဝင်ပုံ

brightside

ပုံရိုက်ရင်းနဲ့ အလင်းရောင်က အရမ်းစူးရှတောက်ပလွန်းနေတယ်ဆိုရင်တော့ နေကာမျက်မှန်ကို သုံးပါ။နေကာ မျက်မှန် လေးကို filter အဖြစ် သုံးလိုက်ရင် အလင်းရောင်စူးတာတွေ သက်သာသွားပြီး Lighting ပိုကောင်း လာပါလိမ့်မယ်။ပုံ ထွက် လည်း သိသိသာသာပိုကောင်းလာပါလိမ့်မယ်။

(၈)ဘက်ထရီအားကြာကြာခံချင်ရင်

brightside

ဘက်ထရီအားကုန်မြန်လို့ အားကြာကြာခံချင်ရင်တော့ ဒီနည်းကို သုံးပါ။wallpaper ကို အရောင်တောက်တောက်တွေ မထားပဲ အနက်ရောင်(သို့)အရောင်မှိုင်းမှိုင်း wallpaper ကို ထားကြည့်ပါ။

READ
ကမ္ဘာ့ဒေသအလိုက် သူတို့အကြိုက်ဆုံးဘီယာများ

(၉)ဖုန်းကို သန့်ရှင်းအောင်ထားချင်တယ်ဆိုရင်..

brightside

လေ့လာမှုတစ်ခုမှာဆိုရင် ဖုန်းဟာ toilet seat ထက်တောင် ပိုပြီး ညစ်ပတ်တယ်လို့ ပြော ထားပါတယ်။ ဖုန်း မှာက ဘက်တီးရီးယားတွေ အများကြီး ကပ်နေတာပါ။ဒါဆိုရင် ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့ ဆိုရင်တော့ ရေ(၈၀) ရာခိုင်နှုန်း၊ အယ်လ်ကိုဟော (ဥပမာ – isopropyl alcohol) (၂၀)ရာခိုင်နှုန်း လိုပါတယ်။ပြီးရင်တော့ အဲ့ဒီအရည်ကို spray ဘူးလေးထဲ ထည့်ပါ။ဖုန်းပေါ်မှာ ဖြန်း၊အ၀တ်စ(သို့)တစ်ရှူးလေးနဲ့ ပြန်သုတ်ပေးလိုက်ရုံပါပဲ။

(၁၀)Alarm သံတိုးနေရင်

brightside

ဖုန်းက Alarm သံက အရမ်းတိုးလွန်းတယ်ဆိုရင်တော့ ဖုန်းကို ခွက်(သို့)မက်ခွက် လေးထဲမှာ ထည့်ထား ပေးပါ။အသံ ကို ပိုကျယ်စေပါတယ်။

(၁၁)အနည်းဆုံး တစ်ပတ်သုံးကြိမ် Restart လုပ်

brightside

ဖုန်းကတော့ သုံးလိုက်တဲ့ အချိန်တိုင်း အမြဲလန်းမနေနိုင်ပါဘူး။ဟန်းတာမျိုးတွေ၊ကောင်းကောင်းအလုပ်မလုပ်တာ မျိုး တွေ လည်းရှိနိုင်ပါတယ်။ဒါကြောင့် ဖုန်းကို တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက်တော့ restart လုပ် ပေးပါ။

Source brightside

SHARE