ဟော်လိုဝင်းပါတီကို ရပ်ကွက်ထဲက ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးဆင်နွှဲခဲ့တဲ့ စမိုင်း

မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတဲ့ သူတစ်ယောက်ဖြစ်တဲ့ စမိုင်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စမိုင်းကတော့ ရိုးသားပွင်းလင်းပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ အပြင် အလှူအတန်းလည်း ရက်ရောတဲ့ မင်းသမီးတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

စမိုက်းကတော့ မနေ့ကလည်း ဟောလိုဝင်းပါတီပွဲကို ရပ်ကွက်ထဲက ကလေးတွေနဲ့ ပျော်ပျော်ပါးပါးဆင်နွှဲခဲ့လို့ ပရိသတ်တွေကြားမှာ မာန်မာနမရှိတဲ့ မင်းသမီးတစ်ယောက်လို့ နာမည်တွင်နေပြန်ပါပြီ။ စမိုင်းကတော့ “ရပ်ကွက်ထဲကကလေးလေးတွေ Halloween ဆိုတာဘာမှမသိသူတို့အတွက်ပျော်စရာ ကြောက်စရာ အမှတ်ရစရာညလေးတစ်ခုဖြစ်အောင်လုပ်ပေး ဟီးး ကလိုဝီကတော့မာမီဆိုးတယ်ကလေးတွေငိုအောင်လုပ်လို့တဲ့” လို့ရေးထားပြီး ဟောလိုဝင်းည အမှတ်တရလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

စမိုင်းကတော့ သူမရဲ့ အိမ်ကို အနုပညာရှင်တွေကိုလည်း ဖိတ်ခဲ့ပြီး ဟော်လိုဝင်းကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

READ
ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ ကျွန်မအရမ်းလွမ်းတတ်နေပီဆိုတဲ့ မေသစ္စာမောင်

Source: Smile

SHARE