ဆာဟာရကန္တာရရဲ့ သဲသောင်ခုံတွေပေါ် ထူးခြားစွာတွေ့မြင်ရတဲ့ နှင်းခြုံလွှာများ

youtube/Karim Bouchetata youtube/NTV Houston

မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အယ်လ်ဂျီးရီးယားက Ain Sefra မြို့ ဟာ ပြီးခဲ့တဲ့ ၄၂ နှစ်တာကာလအတွင်း နှင်းကျတဲ့ဖြစ်ရပ်ကို အခုတစ်ကြိမ်နဲ့ဆို ၄ကြိမ်မြောက်ကြုံတွေ့ခဲ့ပြီဖြစ်ပါတယ်။ ဒေသမှာ အပူချိန် အနုတ်၃ စင်တီဂရိတ် (၂၇ ဖာရင်ဟိုက်) ထိကျပြီးနောက်ပိုင်း ဆာဟာရသဲကန္တာရထဲမှာ နှင်းတွေကျလာခဲ့တာဖြစ်တယ်လို့ skynews သတင်းက ဆိုပါတယ်။

Ain Sefra မှာဖြစ်ခဲ့တဲ့ အခုလိုရှားပါးဖြစ်ရပ်ကိုတော့ Karim Bouchetata က မှတ်တမ်းတင်ထားခဲ့တာပါ။ ဖော်ပြထားတဲ့ ဗီဒီိယိုတွေထဲမှာတော့ သဲပေါ်မှာ ရေလှိုင်းသဏ္ဍာန်လှပတဲ့ ပုံစံလေးတွေဖြစ်နေတဲ့ နှင်းလွှာတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ မြောက်အာဖရိကကိုဖုံးလွှမ်းထားတဲ့ ဆာဟာရသဲကန္တာရဟာ ပြီးခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအတွင်း အပူချိန်အပြောင်းအလဲကို တွေ့ကြုံခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှင်းကျတယ်၊ ရေခဲတယ်ဆိုတာမျိုးဟာ တော်တော်လေးရှားပါတယ်။

Naama ပြည်နယ်က မြို့လေးတစ်မြို့ဖြစ်တဲ့ Ain Sefra ကတော့ ၄၂နှစ်အတွင်း ၁၉၇၉၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ နှင်းကျတာကို ခံစားခဲ့ရတာဖြစ်ပါတယ်။ ၁၉၇၉ခုနှစ်မှာတော့ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတိုက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း နှင်းမုန်တိုင်းတိုက်ပြီး ၁မီတာလောက်အထူရှိတဲ့ နှင်းချပ်ကြီးတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၁၅လက်မရှိတဲ့ နှင်းချပ်တွေပေါ်လာခဲ့ပါတယ်။

READ
ချီကာဂိုမြစ် ဘယ်လို ပြောင်းပြန်စီးနေသလဲ

Ain Sefra ကိုတော့ ကန္တာရရဲ့တံခါးပေါက်လို့ သိကြပါတယ်။ မြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁ထောင်ဝန်းကျင်ရှိကာ Atlas တောင်ကြီးတွေက ဝန်းရံနေပါတယ်။ မြို့လေးအတွက်တော့ ဇန်နဝါရီလဟာ အအေးဆုံးလတွေထဲက တစ်လဖြစ်ကာ ပျမ်းမျှအပူချိန် ၁၄စင်တီဂရိတ် (၅၇ဖာရင်ဟိုက်) ရှိပါတယ်။ နွေရာသီရောက်ရင်တော့ ပျမ်းမျှ ၃၈ စင်တီ (၁၀၀ ဖာရင်ဟိုက်) ရှိတယ်လို့လည်း သိရပါတယ်။

ShweMom

SHARE