ဓာတ်ပုံဆရာ(၂)ထောင်ကျော်လောက်က အလုအယက် ဓာတ်ပုံရိုက်ခဲ့ရတဲ့ ကောင်မလေး

Twitter/49william47

ဂျပန်နိုင်ငံမှာတော့ Cosplayerလို့ပြောရင်မသိတဲ့သူရှားသလောက်ပါပဲ။Cosplayerဆိုတကတော့ ဂျပန်ကာတွန်းကားတွေထဲက ဇာတ်ကောင်တွေကို ပြင်ပလောကမှ တကယ့်သက်ရှိလူသားတွေက အဲဒီဇာတ်ကောင်တွေနဲ့ တထပ်တည်းနီးပါး ပြင်ဆင်သရုပ်ဆောင်တဲ့သူတွေကို ပြောတာပါ။

[email protected]

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၈)ရက်မှ ဇန်နဝါရီ(၁)ရက်နေ့အထိ ကျင်းပခဲ့တဲ့ Winter Comiket ပွဲတော်ကတော့ တော်တော်လူသိများလှပါတယ်။ဒီပွဲကို ဂျပန်နိုင်ငံမှာရှိတဲ့ ထောင်ပေါင်းများစွာသော Cosplayerတွေအကုန်နီးပါးတက်ရောက်တဲ့ပွဲတစ်ခုဆိုလည်း မမှားပါဘူး။အဲဒီCosplayersတွေထဲကမှ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာမိတ်ဆက်စရာမလိုပဲ တက်ရောက်နိုင်သူတစ်ဦးရှိပါတယ်။ သူနာမည်ကတော့ Enakoဖြစ်ပါတယ်။

[email protected]

Enakoကတော့ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ထိပ်သီးCosplayerအဖြစ် လူသိများသလို သူမရဲ့ တစ်နေ့ဝင်ငွေကလည်း ဒေါ်လာ (၉)သောင်းနီးပါးရှိပါတယ်။ Winter Comiket ပွဲတော်ကို Enako တက်ရောက်လာတဲ့အချိန်မှာတော့ ဓာတ်ပုံဆရာတွေ အလုအယက်ဝိုင်းရိုက်နေတဲ့ အတွက်ကြောင့် နောက်ဆုံးEnakoကို အလယ်မှာထားပြီး ထောင်ပေါင်းများစွာသောဓာတ်ပုံဆရာတွေက စက်ဝိုင်းပုံစံနေပြီး ဓာတ်ပုံရိုက်ကူးခဲ့ရပါတယ်။

 

[email protected]

Enakoကလည်း သူမရဲ့ တွစ်တာအကောင့်မှာ Winter Comiketပွဲတော်ကို အခုဘိုပရိသတ်တွေအများကြီးလာခဲ့တဲ့အတွက် ပျော်ရွှင်ရကြောင်း၊သူမကိုလည်း ဒီလောက်အေးတဲ့ကြားထဲက ထောင်ပေါင်းများစွာသော ဓာတ်ပုံဆရာတွေက ရိုက်ကူးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။သူမရဲ့ တွစ်တာအကောင့်မှာလည်း Winter Comiketပွဲတော်က သူမပုံတွေကို ပရိတယသတ်တွေအတွက် လူမူကွန်ယက်တွေမှတစ်ဆင့်ပြန်လည်မျှဝေခဲ့ကြောင်းသိရှိရပါတယ်။

READ
ဆင်ပစ်လိုက်တဲ့ကျောက်ခဲထိမှန်ပြီး (၇)နှစ်အရွယ်မိန်းကလေးသေဆုံး

 

Pyi Hein Kyaw

SHARE