ဒီးဒီးတို့ဇနီးမောင်နှံရဲ့ မင်္ဂလာညစာစားပွဲကို တက်ရောက်ခဲ့ကြတဲ့ သူတို့စုံတွဲ

မင်းသမီး စိုးမြတ်နန္ဒာနဲ့ စိုးသူတို့စုံတွဲကတော့ မတ်လ(၁၂)ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အဆိုတော် စန္ဒီမြင့်လွင် (ဒီးဒီး)တို့ရဲ့မင်္ဂလာညစာစားပွဲကို တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဒီးဒီးတို့ရဲ့ မင်္ဂလာညစာစားပွဲကို အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ကြပြီး ပရိသတ်တွေကြားမှာ အားကျစရာ မင်္ဂလာပွဲလေးလည်းဖြစ်ခဲ့ပါတယ်။

စိုးမြတ်နန္ဒာက ညီမဖြစ်သူ စန္ဒီမြင့်လွင်တို့ရဲ့မင်္ဂလာညစာစားပွဲမှာ ဂုဏ်ပြုဆုတောင်းစကားများလည်း ပြောကြားခဲ့ပါသေးတယ်။ စိုးမြတ်နန္ဒာနဲ့အတူ စိုးသူကလည်းတက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ သူတို့စုံတွဲနှစ်ယောက်ကတော့ ပွဲတွေအတူတူတက်နေခဲ့တာပဲဖြစ်ပြီး နှစ်ယောက်ကြား နွေးထွေးတဲ့ ဆက်ဆံရေးလေးကိုတွေ့ရပါတယ်။

စိုးမြတ်သူဇာကတော့ ညီမဖြစ်သူ စန္ဒီမြင့်လွင်တို့ရဲ့မင်္ဂလာညစာစားပွဲကို မေမြို့မှာ ရုပ်ရှင်ရိုက်နေရတဲ့အတွက် တက်ရောက်ခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ စိုးမြတ်နန္ဒာက အနုပညာအလုပ်တွေကို မလုပ်တော့သလောက် နည်းပါးသွားပြီးဖြစ်ပေမယ့် လူမှုကွန်ရက်မှာတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။

source : Soe Myat Nandar

SHARE