
လျှပ်စစ်ပစ္စည်းတွေဖြစ်ကြတဲ့ Laptop တွေ၊ ဖုန်းတွေ၊ အားသွင်းတဲ့ Adapter တွေဟာ အချိန်ကြာမြင့်စွာ အသုံးပြုလိုက်တဲ့ အခါမှာ တော်တော်လေးကို အပူလွန်ကဲလေ့ရှိတဲ့ အဖြစ်တွေကို တော်တော်များများ သတိထားမိကြမှာပါ။ အဲဒီလို အပူလွန်ကဲတဲ့ အခါမျိုးမှာဆိုရင် များသောအားဖြင့် အဆိုပါ လျှပ်စစ်ပစ္စည်းတွေကို ခဏအနားပေးလိုက်ပြီး အေးသွားမှသာ ဆက်လက်အသုံးပြုကြတာ ဖြစ်ပါတယ် ဒါပေမယ့် အခုပြောပြချင်တဲ့ ဖြစ်ရပ်တစ်ခုကတော့ အဲဒီလို အပူလွန်ကဲနေတဲ့ MacBook အားသွင်းတုံးအပေါ်မှာ လူတစ်ယောက်က ကွတ်ကီးမုန့်တစ်ခုကိုတောင် ဖုတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ပုံထဲမှာ တွေ့ရတာကတော့ @MIA_mea_ လို့ အမည်ရတဲ့ Twitter အသုံးပြုသူတစ်ယောက်ဟာ အပူလွန်ကဲနေတဲ့ MacBook အားသွင်းတုံးအပေါ်ကို ဂျုံနယ်ပြီးသား ကွတ်ကီးအလုံးလေးတစ်ခု တင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ ကွတ်ကီးလုံးလေးဟာ အချိန်ခဏအတွင်းမှာတင် MacBook အားသွင်းတုံးရဲ့ အပူရှိန်ကြောင့် ကျက်သွားပြီး choco-chip ကွတ်ကီးလေးတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ လုပ်ဇာတ်တစ်ခု မဟုတ်ပါဘူး။ MacBook အားသွင်းတုံးရဲ့ ပြင်းထန်လွန်းလှတဲ့ အပူရှိန်ကြောင့် အချိန်ခဏလေးအတွင်းမှာ ကွတ်ကီးက တစ်ကယ်ကို ကျက်သွားခဲ့တာ ဖြစ်ပါတယ်။
— mea (@MIA_mea_) January 13, 2021
အဆိုပါ ပို့စ်ဟာ Twitter ပေါ်မှာ တော်တော်လေးကို လူကြိုက်များခဲ့ပြီး Like လုပ်သူ 399k နဲ့ comment ပေးသူ 38.3k အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ လူတော်တော်များများကလည်း Apple ကုမ္ပဏီဟာ ဒီလိုမျိုး ဘက်ပေါင်းစုံသုံးလို့ရတဲ့ MacBook အားသွင်းတုံးကို တမင်ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း၊ တစ်ချို့ကျပြန်တော့လည်း MacBook အားသွင်းတုံးကို သူတို့အနေနဲ့ အားသွက်းလို့ရတဲ့ Adapter တစ်ခုအနေနဲ့ပဲ အချိန်ကြာမြင့်စွာ အသုံးပြုနေခဲ့တာ ကြာပြီဖြစ်ကြောင်း မှတ်ချက်ပေါင်းစုံပေးခဲ့ကြပါတယ်။
This is what my Mac charger can do! Apple is a genius. A portable oven, who would have thought!
I definitely accept these cookies. Hahaha https://t.co/1Dfo2Sp2Hb
— Jay from sumHR (@jaythaker) January 15, 2021
Wow I’ve been using my charger wrong all this time https://t.co/0WLG520Stz
— trav (@traviieeyoo) January 15, 2021
Pyi Hein Kyaw