အဆိုတော် Mariah Carey ရဲ့ အကောင့်ကို ဟက်ပြီး Eminem ကို ရန်ရှာခဲ့တဲ့ ဟက်ကာ

Instagram_Eminem/Instagram_MariahCarey

ကိုယ့်ရဲ့ လူမှုကွန်ယက်အကောင့်အဟက်ခံကြတာကို တော်တော်များများမလိုလားမှာတော့အမှန်ပါပဲ။အဲဒီလို အဟက်ခံပြီးရင် ကိုယ်အကောင့်နဲ့ဘာပုံတွေများတင်ကြမလဲ။ဘယ်သူတွေနဲ့များစကားပြောနေမလဲ။ဘာပို့စ်တွေများလျှောက်တင်ကြမလဲဆိုပြီး စိတ်ပူရတာ ခံဖူးတဲ့သူတိုင်းသိကြမှာပါ။

အခုလည်း အဆိုတော် Mariah Careyရဲ့ ၂၁.၄သန်းကျော် followers ရှိတဲ့ တွစ်တာအကောင့်ကို တစ်ယောက်ယောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ(၃၁)ရက်နေ့က ဟက်ခဲ့ကြောင်း ladbible ရဲ့ ဖော်ပြချက်ကြောင့် သိရှိရပါတယ်။အဆိုပါအမည်မသိဟက်ကာဟာ Mariah Careyရဲ့ တွစ်တာအကောင့်ကနေပြီးတော့ Eminemရဲ့ လိင်အဂါင်္အကြောင်းကို တင်ခဲ့ပါသေးတယ်။

[email protected]

အဲဒီပို့စ်တွေဟာ အခုချိန်မှာ ပြန်ဖျက်ခဲ့ပေမယ့် တင်တဲ့အချိန်တုန်းကပို့စ်ကို လူတော်တော်များများက screen shootရယူခဲ့ကြပါတယ်။ ပို့စ်တစ်ခုမှာတော့ “Eminemရဲ့ လိင်အဂါင်္က သေးသေးလေး”လို့တင်ခဲ့ပြီး “နောက်ပို့စ်တစ်ခုမှာတော့ “Eminemဟာ အခုချိန်ထိ ဒီမိန်းမအဂါင်္ကို စွဲလမ်းနေတုန်းပဲ”လို့ တင်ခဲ့ပါတယ်။

[email protected]
[email protected]

Carey ဟာTwitterအကောင့်ကိုတော့ ပြန်ယူနိုင်ခဲ့ပြီး ပို့စ်တွေကို အချိန်မှီပြန်ဖျက်နိုင်ခဲ့ပါတယ်။ဒီပို့စ်တွေနဲ့ပတ်သတ်ပြီး Careyကတော့ “ငါခဏလေး အိပ်ပျော်သွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဖြစ်သွားတယ်မှန်း မပြောပြတတ်တော့ပါဘူး”လို့ ရယ်မောပြော ဆိုခဲ့ပါတယ်။

READ
Gigi Hadid ရဲ့ ကိုယ်ဝန်သတင်းကြောင့် အံ့သြခဲ့ရတဲ့ ရည်းစားဟောင်း Tyler Cameron

Pyi Hein Kyaw

SHARE