အမည်မဖော်လိုသူတစ်ဦးမှ ဟစ်တလာရဲ့ အတွင်းခံဘောင်းဘီကို ပေါင် 5000 နဲ့ ဝယ်ယူခဲ့

နာဇီခေါင်းဆောင်ကြီး ဟစ်တလာ ၀တ်ဆင်ခဲ့တဲ့ ချည်သားနဲ့ရက်လုပ်ထားသည့် အတွင်းခံဘောင်းဘီကို အမည်မဖော်လိုသူတစ်ဦးက ၀ယ်ယူသွားခဲ့ပြီဖြစ်ကြောင်း လေလံပစ္စည်းစုဆောင်းသူ၊ လေလံပွဲစီစဉ်သူတစ်ဦးက အတည်ပြုခဲ့ပါတယ်။ လေလံသမား Bill Panagopoulos နဲ့ အဖွဲ့ဟာ ဟစ်တလာရဲ့ဘောင်းဘီကို ရရှိပြီးမကြာမီ ပြန်ရောင်းထွက်ခဲ့တာပါ။

ဟစ်တလာနဲ့ အီတလီဖတ်ဆစ်ခေါင်းဆောင် မူဆိုလီနီ ( Getty Image)

ဝယ်သူရဲ့အမည်ကို Bill တို့တောင် သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ၀ယ်သူဟာ အမေရိကန်အခြေစိုက် ဖြစ်တယ်လို့တော့ Bill အတည်ပြုခဲ့တယ်လို့ Metro က ဆိုပါတယ်။ Bill ဟာ မေရီလန်း၊ Chesapeake City မှာတည်ရှိတဲ့ Alexander Historical Auctions ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

Bill က ” လူတော်တော်များများကတော့ ဟစ်တလာရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ၀ယ်ယူစုဆောင်ချင်ကြမှာပါ … အခုလို တစ်ကိုယ်ရေးသုံးအ၀တ်အစားကို ဟစ်တလာဝတ်ထားတာ မျက်စိထဲမြင်ယောင်ကြည့်ရင် တော်တော်လေး ဂွတီးဂွကျ နိုင်မယ့်ပုံစံပါဘဲ … “လို့ ပြောခဲ့ပါတယ်။

READ
ပြဇာတ်ရုံမှာ တေးဂီတပွဲကို အေးအေးဆေးဆေးခံစားနေကြတဲ့ ချစ်စရာလုပ်သားခွေးလေးတွေ
Raymonds

Bill တို့ လေလံအဖွဲ့ဟာ ယခင်က ဟစ်တလာရဲ့ကြင်ယာတော် Eva Braun ရဲ့ တစ်ကိုယ်ရေးသုံးပစ္စည်းတွေကိုလည်း ရောင်းချခဲ့ဖူးပြီး၊ ဟစ်တလာရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းရောင်းချမှုမှာတော့ ဒါက ပထမဆုံးအဖြစ်အပျက် ဖြစ်နိုင်ပါတယ်။ ဒီအတွင်းခံဘောင်းဘီဟာ 1938 ခုနှစ်က ဟစ်တလာ သြစတီးယားကို သွားရောက်လည်ပတ်စဉ် Parkhotel Graz ဇိမ်ခံဟိုတယ်မှာ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

Raymonds

မူလရောင်းချသူဟာ Parkhotel Graz ဟော်တယ်ပိုင်ရှင်ရဲ့ မြေးဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း 80 က အရောင်းအ၀ယ်ဖြစ်ခဲ့ရာမှာ ဘောင်းဘီကို Bill တို့အဖွဲ့က လက်ခံပြီးချိန်မှာ တစ်ရှုးစက္ကူတွေနဲ့ ကျကျနနဖုံးအုပ်ပြီး၊ သေတ္တာထဲ ထည့်သိမ်းထားခဲ့တာပါ။ ဘောင်းဘီမှာ ဟစ်တလာရဲ့ အတိုကောက်စာလုံး AH လည်း အကောင်းအတိုင်း ရှိနေဆဲပါ။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE