ဒေါ်လာ(၂)သိန်းနီးပါးတန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ရထားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ခရီးသည်

Pixabay-PublicDomainPictures

လူတိုင်းနီးပါး ဘဝမှာ ပစ္စည်းတွေ ပျောက်ဖူးကြမှာပါ။ တစ်ချို့ကျတော့လဲ တန်းဖိုးနည်းပစ္စည်းတွေ ပျောက်ဖူးကြမှာဖြစ်သလို တစ်ချို့ကြတော့လဲ တော်တော့်ကို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ပျောက်ခဲ့ဖူးမှာပါ။ ဒါပေမယ့် ဒေါ်လာ ၂ သိန်းနီးပါး(မြန်မာငွေ သိန်း ၃၀၀၀ ကျော်) တန်ဖိုးရှိတဲ့ ပစ္စည်းတွေတော့ ပျောက်ဖူးမယ်လို့ မထင်ပါဘူး။ ပြီးခဲ့တဲ့လ အောက်တိုဘာတုန်းက လူတစ်ယောက်ဟာ Switzerland နိုင်ငံရဲ့ အများပြည်သူ သွားလာနေတဲ့ မီးရထားပေါ်မှာ အမေရိကန်ဒေါ်လာ ၂သိန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေချောင်းတွေ ပါဝင်တဲ့အိတ်ကို မေ့ကျန်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ရွှေချောင်းတွေ ပါဝင်တဲ့ အိတ်ကို Switzerland နိုင်ငံ၊ St Gallen မြို့မှ Lucerne မြို့ကိုသွားတဲ့ မီးရထားတစ်ခုပေါ်မှာ အာဏာပိုင် ရဲအရာရှိတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးများလွန်းတာကြောင့် Switzerland နိုင်ငံရဲတွေဟာ ပိုင်ရှင်ကို တိတ်တဆိတ်ရှာနေခဲ့ပေမယ့် အခုအချိန်အထိ မတွေ့သေးတာကြောင့် အခုလို အများပြည်သူကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

READ
ကျောင်းသားတွေကိုအာရုံထွေပြားစေတယ်ဆိုပြီး ကျောင်းသူလေးကိုအ၀တ်အစားလဲခိုင်း
Pixabay-PublicDomainPictures

“ ပိုင်ရှင်မှန်ရင် ကိုယ့်ရဲ့အနီးအနားက ရဲဌာနကိုသွားရောက်အကြောင်းကြားနိုင်ပါတယ်။ ပစ္စည်းတန်ဖိုးများလွန်းတာကြောင့် လက်ရှိမှာ ကျွန်တော်တို့ ရဲဌာနတစ်ခုက သိမ်းဆည်းထားပါတယ်။ ပိုင်ရှင်ဖြစ်သူကိုယ်တိုင် လာရောက်ဆက်သွယ်ပြီး ထုတ်ယူနိုင်ပါတယ်။ ကျွန်တော်တို့ ၅ နှစ်တိတိ စောင့်နေပါမယ်။ အဲဒီအချိန်အထိပိုင်ရှင်မပေါ်လာရင်တော့ အစိုးရပိုင် ပစ္စည်းအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်” လို့  Switzerland နိုင်ငံအာဏာပိုင်အဖွဲ့အစည်းမှ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE