မွေးနေ့အမှတ်တရ အတွက် Fan တွေကို ကျေးဇူးတင်စကား ဆိုလိုက်တဲ့ Song Ji Hyo

Image:IG/Song Ji Hyo

Song Ji-hyo က တော့ သြဂုတ် (၁၅)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အတွက် Fan တွေ ကို ကျေးဇူးတင် စကား ပြောခဲ့တဲ့ အ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။ Song Ji-hyo  ကတော့ Runn ing Man မှာဆိုရင် အရင် ကတော့ တစ်ဦး တည်းသော မိန်းက လေး အဖွဲ့ ၀င် တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ပဲ မများ ၊မူယာမာ ယာ တွေ မလုပ်ပဲ အမျိုးသားတွေနဲ့ တန်း တူ ဂိမ်းတွေ ကို ကစားတဲ့ သူမရဲ့ ပုံစံ ကို ပရိသတ်တွေက သ ဘောကျ ကြတာပါ။တခြားမင်းသမီးတွေနဲ့ မတူတဲ့ ထူးခြားတဲ့ အချက်က တော့ ယောက်ျားလေး ထက် မိန်းက လေး ပရိသတ်က တောင် ပိုများ တဲ့ အချက်ပါ။မိန်းက လေးချင်း က တောင် သူမကို ချစ်ခင် အား ပေး ကြတာပါ။

 

View this post on Instagram

 

#틱톡촬영📹

A post shared by 송지효(Song Ji Hyo) (@my_songjihyo) on

Song Ji-hyo က တော့ နာမည်ရင်း မဟုတ်ပါဘူး။သူမရဲ့ နာမည်အရင်းကတော့ Cheon Soo-yeon ပါ။ (၁၉၈၁) သြဂုတ်လ (၁၅)မှာ မွေးဖွားခဲ့ပြီး အသက်က တော့ အခုဆိုရင် (၃၉)နှစ်ပြည့်သွားပါပြီ။ကိုရီးယား အသက်နဲ့ ဆိုရင် တော့ (၄၀)ပြည့်ခဲ့တာပါ။ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူမရဲ့ Fan တွေ က တော့ Ji-hyo အတွက် မွေးနေ့ အမှတ်တရ လေးတွေပြု လုပ်ပေးခဲ့ပါတယ်။ Ji-hyo ကလည်း သူမ အတွက် အခုလို လုပ်ပေးတဲ့ ပရိသတ်တွေကို ကျေး ဇူး တင် စကား ပြောခဲ့ပါတယ်။

မွေးနေ့မှာတော့ သူမကို ချစ်ခင်သူတွေ ဆီက နေ လက်ဆောင် တွေအများကြီးရခဲ့ပါတယ်။ပန်းတွေ၊ကိတ်မုန့် တွေ၊ မွေးနေ့ ဆု တောင်းစကား တွေ အတွက် သူမရဲ့ Instagram က နေ ကျေးဇူးတင် တဲ့ အ ကြောင်း ပြောခဲ့ပါတယ်။ “အားလုံးပဲ ကျေးဇူးတင်ပါတယ်။မွေးနေ့ ဆုတောင်း ပေးကြလို့ ကျေးဇူးတင်ပါတယ်။အားလုံး ကျေး ဇူးပါ။ ကျမရဲ့ မွေးနေ့ ကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးပါ့မယ်။ထပ် ပြီးတော့လည်း ကျေးဇူးတင်ပါတယ်..” လို့ ပြောခဲ့ပါတယ်။Haha ကလည်း ဂျီဟို ရေ မွေးနေ့ မှာ ပျော်ပါစေ.. လို့ Comment ၀င် ရေးခဲ့ပါတယ်။ Happy Birthday ပါ..!!

#SHWEMOM

SHARE