ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဆောင်ဂျွန်ကီနဲ့ပတ်ဘိုဂန်

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ ဆောင်ဂျွန်ကီနဲ့ ပတ်ဘိုဂန်တို့ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ပရိသတ်တွေနဲ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ဒီပွဲဟာ ပတ်ဘိုဂန်နဲ့ထိုင်းပရိသတ်တွေ ရဲ့ တွေ့ဆုံပွဲဖြစ်ပြီး ဆောင်ဂျွန်ကီက ဧည့်သည်အနုပညာရှင်တစ်ယောက်အဖြစ် တက်ရောက်ပေးခဲ့တာပါ။ဆောင်ဂျွန်ကီလာမယ့် အကြောင်းကို လျှို့ဝှက်ထားခဲ့ တာကြောင့် ပရိသတ်အနည်းငယ်လောက်ပဲ သူလာရောက်မယ့် အကြောင်းကို ကြိုသိထားခဲ့တာပါ။

AEN20170213007000315_02_i

ဂျွန်ကီဟာ ဇန်န၀ါရီလ(၂၃)ရက်နေ့က ပတ်ဘိုဂန်နဲ့ထိုင်ဝမ်ပရိသတ်တွေနဲ့ တွေ့ ဆုံပွဲကိုလည်း တက်ရောက်ပေးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ဦးရဲ့ အချိ န်ဇယားအဆင်ပြေတာကြောင့် ထိုင်ဝမ်နဲ့ထိုင်းနိုင်ငံပရိသတ်တွေ့ဆုံပွဲတွေ မှာ နှစ်ဦးလုံးကို တွေ့မြင်ခွင့်ရခဲ့တာပါ။

song-joong-ki-park-bo-gum

မင်းသားဆောင်ဂျွန်ကီ ကတော့ လေဆိပ်မှာ လာကြိုကြတဲ့ ပရိသတ်တွေ အရမ်းများလွန်းလို့ အံ့အားသင့်ခဲ့ပါတယ်။

16602706_1857322654485752_7896517993197994237_n

ထိုင်းပရိသတ်တွေနဲ့တွေ့ဆုံပွဲမှာတော့ ဆောင်ဂျွန်ကီနဲ့ပတ်ဘိုဂန်တို့ဟာ OX ဂိမ်းနဲ့cushion ဂိမ်းတို့ကို ကစားခဲ့ပါတယ်။ပုံတူပန်းချီကားတွေ လည်း ရေးဆွဲ ခဲ့ပါတယ်။”ပတ်ဘိုဂန်ဟာ ပန်းချီဆွဲတာကလွဲလို့ အကုန်တော်တယ်။သူ့ကို သင်ပေးချင်တယ်” လို့ဂျွန်ကီက ဟာသနှောပြောခဲ့ပါတယ်။

READ
Living Memes ဖြစ်နေတဲ့ ကောင်မလေး Nicole TV ရဲ့ အကြောင်း

16708176_1857736857777665_5806888929800432610_n

ပတ်ဘိုဂန်ရဲ့ အာရှခရီးစဉ်ဟာ လာမယ့်လမှာပြီးဆုံးမှာဖြစ်ပြီး မတ်လ(၁၁) မှာတော့ ဆိုးလ်မှာ ပရိသတ်တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိပါတယ်။

16640646_1857322624485755_4540725630323759448_n

မင်း သားဆောင်ဂျွန်ကီကတော့ “Battleship Island.” ဇာတ်ကားအပြီး မှာ နောက် ထပ်ဇာတ်ကားသစ်ရိုက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Ref;.soompi

SHARE