Song-Song Couple ပေးခဲ့တဲ့ ဧည့်သည်တွေအတွက် မင်္ဂလာလက်ဆောင်

ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ အောက်တိုဘာလ (၃၁)နေ့မှာ သူတို့ရဲ့ မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာကျင်းပပြီးနောက် Song-Song စုံတွဲရဲ့ မင်္ဂလာဆောင်သတင်းနဲ့ ဓါတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ လူအများစုစိတ်ဝင်စားတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။

ပရိသတ်တွေကတော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ မင်္ဂလာပွဲလာ ပရိသတ်တွေကိုပေးခဲ့တဲ့ လက်ဆောင်ကိုလည်း သိချင်ကြပါတယ်။ အဲဒီလက်ဆောင်ကတော့ တန်ဖိုးကြီးတဲ့လက်ဆောင်မျိုးမဟုတ်ဘဲ ရိုးရိုးတန်းတန်း လက်ကောက်တစ်ကွင်းကို အိတ်သေးသေးလေးထဲမှာထည့်ပြီး လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အိတ်မှာတော့ Song Song ရဲ့အတိုကောက် SS ဆိုတာကို ဒီဇိုင်းဖေါ်ထားတာကိုတွေ့ရမှာပါ။

Wint(Shwemom)

Source: Kstarlive

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

READ
အင်းလေးရောက် သားငယ်နဲ့ ဘီလီလမင်းအေး

 

 

 

SHARE