SpaceX ပိုင်ရှင် အီလွန် မတ်စ် က လကမ္ဘာသို့ သာမန်အရပ်သား ၂ ဦးကိုအပန်းဖြေခရီးပို့ဖို့စီစဉ်

ဘီလီယံနာ နည်းပညာ တီထွင်သူလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အီလွန်မတ်စ်ဟာ လိုက်ပါစီးနင်းမဲ့ အရပ်သားနှစ်ဦးရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပဲ အရပ်သားနှစ်ယောက်ဟာ လိုအပ်တဲ့ငွေကြေးကို ပေးပြီးပြီ ဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။SpaceX နဲ့ Tesla တည်ထောင်သူဖြစ်တဲ့ မတ်စ်ကတော့ ဒီလကမ္ဘာအပန်းဖြေခရီးဟာ အချိန်အားဖြင့် တစ်ပါတ်ကြာကြာမြင့်မှာ ဖြစ်ပြီး  လကိုတစ်ပါတ်ပါတ်ပြီး အာကာသထဲသို့ ခရီးထွက်ပြီးတာနဲ့ ကမ္ဘာမြေသို့ ပြန်လာမှာ ဖြစ်တယ် လို့ဆိုပါတယ်။

” Dragon အာကာသယာဉ်နဲ့ အပန်းဖြေခရီးထွက်ဖို့ ရန် အမည်မဖော်လိုသူ လူ နှစ်ဦးက စာရင်းပေးသွင်းထားပြီး စရံ ငွေလည်း အလုံအလောက်ပေးထားပြီး ဖြစ်ပါတယ်။အပိုလို အာကသယာဉ်မှူးတွေလိုပဲ အခု ဒီအရပ်သားနှစ်ဦးဟာ လူသားတွေ ရဲ့ အိပ်မက်ဖြစ်တဲ့ အာကာသခရီးထွက်ခြင်းကို စတင်ပြုလုပ်ပါတော့မယ်။သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ကြံခိုင်ရေးကို စစ်ဆေးပြီးတာနဲ့ နောက်နှစ်လောက်မှာ လေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ ဒီလူနှစ်ယောက်ရဲ့ သဘောတူညီချက်ရတာနဲ့ တစ်ပြိုင်နက် ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ် ” လို့ SpaceX ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

READ
3D ပုံသွင်း အသားအစားထိုး အစားအစာတစ်မျိုးကို စပိန်မှာ တီထွင်နေ

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကလည်း SpaceX ရဲ့ Dragon လူမဲ့ယာဉ်ပျက်ကျခဲ့လို့  SpaceX က လူလိုက်ပါမဲ့ လွန်းပျံယာဉ်လွှတ်တင်ခြင်း အစီအစဉ်အားလုံးကို ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။ဒီဖြစ်စဉ်အပြီးမှာ NASA အာကာသ ယာဉ်မှူးဟောင်းနဲ့ လေတပ်ဗိုလ်ချုပ်ဖြစ်သူ သောမတ်စ် စတတ်ဖို့တ်ကတော့  SpaceX ရဲ့ အချိန်နဲ့ ငွေသက်သာစေရန် လုပ်ဆောင်ခဲ့တဲ့ ဆီဖြည့်ခြင်း လုပ်ငန်းစဉ်ကို အပြစ်တင်ခဲ့ပါတယ်။

SpaceXကတော့ လူပါဝင်တဲ့ Dragon အာကာသယာဉ်လွှတ်တင်ခြင်းကို NASA နဲ့ ပူးပေါင်းပြီး ဒီနှစ်အတွင်းမှာ လုပ်ဆောင်ဖို့ ရှိနေပါတယ်။ဒီလအစောပိုင်းမှာလည်း  SpaceX ရဲ့  Falcon 9  ဒုံးပျံကို အမေရိကန်နိုင်ငံ ဖလောရီဒါ ကနေဒီ ဒုံးပျံလွှတ်တင်ရေး စခန်းမှ လွှတ်တင်နိုင်ခဲ့ပါတယ်။ဒီFalcon 9  ဒုံးပျံမှာ နိုင်ငံတကာ အာကာသ အခြေစိုက်စခန်း အတွက်လိုအပ်တဲ့အစားအစာ အမျိုးမျိုး ပေါင် ၅၅၀၀ ခန့်ကို တင်ဆောင်ပြီး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

READ
လေအေးပေးစက်တပ်ထားတဲ့ အက်ႌတစ္မ်ိဳးကို Sony ကေန ထုတ္လုိက္ပါၿပီ

Arkar Hein (Shwemom)

Ref : The Sun

SHARE