ဂျပန်နိုင်ငံက ဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Square Enix ဟာ ၄င်းတို့ရဲ့ အသစ်ထွက်ရှိလာမယ့် Avengers ဗီဒီယိုဂိမ်းအသစ် နာမည်ကို တရားဝင် ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီ စူပါဟီးရိုး ဂိမ်းနာမည်ကို Marvel’s Avengers လို့ပေးထားပါတယ်။
Square Enix က Final Fantasy စီးရီးတွေနဲ့ လူသိများတဲ့ ကုမ္ပဏီတစ်ခုဖြစ်သလို ကမ္ဘာတစ်ဝှမ်း ဖြန့်ချီရေးတွေကိုပါ လုပ်ဆောင်နေပါတယ်။

ဒီ သတင်းကိုတော့ တွစ်တာပေါ်က တစ်ဆင့် ကြေညာခဲ့တာဖြစ်ပြီး လိုဂိုနဲ့ နာမည်နဲ့ အပြည့်အစုံတကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီ ဂိမ်းနဲ့ ပတ်သက်တဲ့ သတင်းအပြည့်အစုံကိုတော့ ဇွန်လမှာ ကျင်းပမယ့် Square Enix’s E3 ပြပွဲမှာ ထုတ်ပြန်သွားမယ်လို့ ကုမ္ပဏီရဲ့ ပေ့ခ်ျမှာလည်း ပြန်လည်ဖော်ပြထားပါတယ်။
Tune into Square Enix Live E3 2019 for the worldwide reveal of Marvel’s Avengers.
🗓️ The event – complete with closed captions – begins June 10 at 6PM PT: https://t.co/KNimbY3Ze7 #SquareEnixE3 #Reassemble pic.twitter.com/zYibKtcPS1
— Marvel's Avengers (@PlayAvengers) May 29, 2019
ဂိမ်းကို နာမည်ကြီး Tom Raider စီးရီး ဖန်တီးတဲ့ Crystal Dynamic နဲ့ ပူပေါင်းဆောင်ရွက်နေတယ်လို့ Comicbook.com ရဲ့ ဖော်ပြမှုအရ သိရတယ်။
Crystal Dynamics ရဲ့ ၀က်ဘ်ဆိုက်မှာတော့ တစ်ကမ္ဘာလုံးက gamer တွေအတွက် ရည်ရွယ်ပြီး The Avengers ပရောဂျက်ကို ဆောင်ရွက်နေကြောင်း၊ ဇာတ်ကောင်းတွေ အားလုံးပါဝင်ပြီး၊ သက်ဆိုင်ရာ ပတ်ဝန်ကျင်နဲ့ ၄င်းတို့ရဲ့ ထင်ရှားတဲ့ ပုံစံ အနေအထားတွေကို ထည့်သွင်းပြီး စိတ်လှုပ်ရှားဖွယ် တင်ဆက်သွားမှာဖြစ်ကြောင်း တွေ့ရတယ်။

Square Enix ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Eidos Interactive ဟာ (၂၀၀၉)ခုနှစ်က Marvel ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ DC နဲ့ပူးပေါင်းပြီး Batman:Arkham Asylum ဆိုတဲ့ ဂိမ်းကို ထုတ်လုပ်ခဲ့ရာမှာ အကြီးအကျယ် အောင်မြင်ခဲ့သလို Arkham Asylum ဟာလည်း ဂိမ်းလောကရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။