ယူကေတွင် ကြယ်ငါးထောင်ချီသေဆုံးပြီး ကမ်းခြေမှာ သောင်တင်နေခဲ့တဲ့ဖြစ်စဉ်

အင်္ဂလန်နိုင်ငံ ကန့်တ်မြို့ရဲ့ ကမ်းခြေတစ်ခုမှာ ကြယ်ငါးထောင်ပေါင်းများစွာ သေဆုံးကာ သောင်တင်နေခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်းဟာ ယူကေနိုင်ငံမှာ ယခုဖြစ်ပေါ်လျက်ရှိတဲ့ အအေးလှိုင်းမုန်တိုင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

(၄၇)နှစ်အရွယ် Lara Maiklem ဆိုသူက သူမရဲ့ ကလေးနှစ်ယောက်ကို ကမ်းခြေခေါ်သွားစဉ် ယခုမြင်ကွင်းကို မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး အကောင်လေးတွေကို သူတို့တတ်နိုင်သမျှ ပင်လယ်ထဲပြန်ပစ်ပေးခဲ့ကြပါတယ်။ “အအေးလှိုင်းမုန်တိုင်းက သတ္တဝါများစွာကို သတ်နေပုံပါ။ ကျွန်မတို့တတ်နိုင်သလောက် ကယ်ခဲ့ပေမယ့် မြင်ရတာဟာ သက်ရှိတွေကို ပျက်သုဉ်းစေတဲ့ စစ်ပွဲကြီးဖြစ်ထားသလိုပါပဲ” လို့ သူမက ဆိုပါတယ်။

Laura Maiklem/SWNS

သေဆုံးသောင်တင်နေခဲ့တဲ့အထဲမှာ ကြယ်ငါးများသာမဟုတ်ဘဲ ငါးတွေနဲ့ အခွံမာသတ္တဝါများပါ ပါနေခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသမှာ နေထိုင်ပြီး မြစ်ကမ်းပါးများမှာ ရှာဖွေတူးဖော်လေ့ရှိတဲ့ Lara က ယခုကြယ်ငါးတွေဟာ Ramsgate မြို့မှ Broadstairs မြို့သို့  မျောလာတာဖြစ်ကြောင်း ဆိုပါတယ်။

Laura Maiklem/SWNS

သေဆုံးနေတဲ့အထဲမှာ စင်ရော်ငှက်နဲ့ အခြားငှက်များပါရှိပြီး ဓာတ်ပုံတွေကို သူမရဲ့ Facebook မှာ တင်ခဲတာပါ။ Chris Keyworth ဆို သူကတော့ အခုလိုဖြစ်စဉ်ဟာ မုန်တိုင်းရှိရှိ မရှိရှိ ဖြစ်ပွားတတ်တဲ့ ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ဂဏန်း၊ ကြယ်ငါး၊ ဂျယ်လီငါးတို့က အစုလိုက် အပြုံလိုက် သောင်တင်သေဆုံးတတ်ကြောင်းဆိုပါတယ်။ မည်သို့ပင်ဖြစ်စေ လူအများကတော့ ယခုကြယ်ငါးဖြစ်စဉ်အတွက် စိတ်မကောင်းဖြစ်လျက်ရှိကြပါတယ်။

READ
ဖောက်ပြန်တဲ့မယားငယ်ကို မယားကြီးကလူအများရှေ့မှာရိုက်နှက်ခဲ့
Laura Maiklem/SWNS

White (Shwemom)

Ref: Metro UK

SHARE