ဆူဒန်တိရစ္ဆာန်ရုံထဲက အစာမစားရလို့ အရိုးပေါ်အရေတင်နေတဲ့ခြင်္သေ့တွေရဲ့အဖြစ်

Twitter

စီးပွားရေးအကျပ်အတည်းတွေဖြစ်နေပြီး ပြဿနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ ဆူဒန် နိုင်ငံရဲ့ တိရစ္ဆာန်ရုံတွေမှာ တိရစ္ဆာန်တွေကို အစာမကျွေးနိုင်တဲ့အတွက် တိရစ္ဆာန်တွေ အငတ်ဘေးဆိုက်နေကြပါတယ်။

ဆူဒန်နိုင်ငံ၊ Al-Qureshi Park မှာရှိတဲ့ သဘာဝတောရိုင်း တိရစ္ဆာန်ရုံအတွင်းက တိရစ္ဆာန်တွေရဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

 

ဓာတ်ပုံတွေထဲမှာတော့ အင်အားကြီးလှပါတယ်ဆိုတဲ့ ခြင်္သေ့တွေတောင် အစာမစားရတာ ကြာပြီဖြစ်လို့ ပိန်လှီနေကြတာကို တွေ့ရပြီး တချို့ဆိုရင် အရိုးပေါ်အရေတင်နေကြပါပြီ။

READ
စေတနာကောင်းလို့ ကံအကျိုးပေးပြီး (၂)နှစ်ဆက်တိုက် ထီပေါက်ခဲ့တဲ့ ထိုင်းအမျိုးသမီး

တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေက ဒီခြင်္သေ့တွေအပါအ၀င် တိရစ္ဆာန်ရုံအတွင်းက အားနည်းနေတဲ့ သတ္တ၀ါတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လာရောက်လုပ်ကိုင်ပေးခဲ့ရပြီး သူတို့ လုပ်ပေးခဲ့တဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဆူဒန်နိုင်ငံထဲက တိရစ္ဆာန်ချစ်သူတွေကတော့ ဒီတိရစ္ဆာန်ရုံအတွက် ဘတ်ဂျက်ချထားပေးဖို့နဲ့ ဒီလိုမှမဟုတ်ရင်လည်း တိရစ္ဆာန်တွေကို တောတွေထဲ ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပြီး NGO တွေဆီကိုလည်း အကူအညီတောင်းထားခဲ့တယ်လို့ CTV News က ဖော်ပြပါတယ်။

တိရစ္ဆာန်ရုံထဲမှာ အခြေအနေအဆိုးဆုံးဖြစ်နေတာကတော့ ခြေလေးချောင်း သတ္တ၀ါတွေပဲဖြစ်ပြီး တချို့ဆိုရင် လမ်းတောင်မလျှောက်နိုင်လောက်အောင် ဖြစ်နေကြပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

READ
Troll တဲ့ဒဏ်တွေမခံနိုင်တော့လို့ သတ်သေခဲ့တဲ့ အပြာမယ်လေး

ဆူဒန်နိုင်ငံဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် အစိုးရရဲ့ဘတ်ဂျက်ချထားပေးမှုတွေမှာ အကန့်အသတ်တွေနဲ့ ဖြစ်နေပြီး တိရစ္ဆာန်ရုံတွေအတွက် ရန်ပုံငွေ ရှိမနေဘူးလို့ CTV News က ဖော်ပြပါတယ်။

Linn

SHARE