လှေကားရှည်ကြီး အလိုလိုလမ်းထလျှောက်ခဲ့တဲ့ အိန္ဒိယက ထူးဆန်းဖြစ်ရပ်

မကြာသေးခင်ရက်ပိုင်းကမှ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ဆန်းတစ်ခု အကြောင်းပါ။ လှေကားရှည်ကြီးတစ်ခုဟာ အလိုလို လမ်းလျှောက်သလို ထရွေ့လာခဲ့ပြီး ဒေသခံတွေကို ထိတ်လန့် အံ့သြစေခဲ့တဲ့အထိပါ။

ကီရာလာပြည်နယ်က ရွာတစ်ရွာမှာ ရိုက်ထားတဲ့ ဗီဒီယိုဖြစ်ပြီး ဗီဒီယိုထဲမှာဆို ဖုန်ထူထူလမ်းတစ်လမ်းပေါ် လှေကားရှည်ကြီး အလိုလိုလမ်းလျှောက်သလို ရွေ့နေခဲ့တာကို တွေ့ရပါတယ်။ ရွာသားတွေမှာလည်း ထူးဆန်းလွန်းလို့ ရပ်ကြည့်နေကြသူတွေ ရှိသလို ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့ကြသူတွေလည်း ရှိပါသေးတယ်။

Newslion

ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ရွာသားတွေကတော့ လှေကားကြီးကို လှေကားပေါ်က ပြုတ်ကျသေးထားတဲ့ ဝိဉာဉ်တစ်ကောင်ကောင်က ဝင်ပူးထားတာဖြစ်တယ်ဆိုပြီး ယူဆနေကြကြောင်း News Lion TV က ဖော်ပြခဲ့ပါတယ်။ ဖြစ်ရပ်ရဲ့ ဗီဒီယိုကို ကြည့်ပြီးကြတဲ့ ကီရာလာပြည်နယ်သားတွေထဲမှာလည်း ထိုရွာကို ကြောက်လွန်းလို့ မသွားကြရဲကြတော့သူတွေ ရှိနေကြောင်း သိရပါတယ်။

Reddit ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးကတော့ ဖြစ်ရပ်ဆန်းနဲ့ပတ်သက်လို့ သူ့သီအိုရီတစ်ခုကို ပြောပြထားပါတယ်။ လှေကား အလိုလိုရွေ့နေခဲ့တာဟာ passive dynamic walking ဖြစ်စဉ်လို့ ပြောလို့ရပါတယ်။ Passive dynamic walking ဆိုတာကတော့ ကမ္ဘာကြီးရဲ့ ဆွဲအားကြောင့် ကုန်းဆင်းမှာ ဟန်ချက်မပျက်ဘဲ အလိုအလျောက် လမ်းလျှောက်သလို ပုံစံမျိုး ဖြစ်နေတာကို ဆိုလိုတာပါ။

READ
တရုတ်နှစ်သစ်ကူးအမီ ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ '4 Generations Challenge'
Newslion

Reddit  အကောင့်ပိုင်ရှင် တင်ထားခဲ့တာကတော့ “လှေကားရှိနေခဲ့တဲ့ မြေပြင်က ကုန်းဆင်းပါ။ အဲ့ဒီ့မှာ တစ်ယောက်ယောက်က လှေကားကို တွန်းတိုက်လိုက်ပုံပါပဲ။ ထိုအခါ လှေကားလည်း စရွေ့လာပြီး ကုန်ဆင်းဖြစ်တာကြောင့် ခြေတံနှစ်က်က တစ်လှည့်စီရွေ့ရင်း အရှိန်နဲ့ မရပ်တော့တာဖြစ်ပါတယ်” ဆိုပြီးတော့ပါ။ ပရိသတ်ကြီးရော ဒီဖြစ်ရပ်ကို ဘယ်လိုထင်လဲ..?

Ref: Dailymail

SHARE