ဈာပနနေ့မှာတောင် လူတွေကို နောက်ဆုံးအကြိမ် အကျိုးပြုခဲ့သေးတဲ့ စတီဖင်ဟော့ကင်း

စတီဖင်ဟော့ကင်းဟာ ခန္ဓာကိုယ် မသန်စွမ်းပေမယ့် သူမတူတဲ့ဦးဏှောက်ကို ပိုင်ဆိုင်ထားသလို ဘ၀တစ်လျှောက်လုံးမှာလည်း လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူပါ။ (၁၉၄၂)ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဟော့ကင်းဟာ (၂၀၁၈)ခုနှစ် မတ်လ(၁၄)ရက်နေ့မှာ ကွယ်လွယ်သွားခဲ့ပါတယ်။

ဟော့ကင်းဟာ သူချစ်တဲ့ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ဝင်းကြီးအတွင်းမှာပဲ သေဆုံးခဲ့သလို သူ့ရဲ့ ဈာပနအခမ်းအနားကိုလည်း မတ်လ(၃၁)ရက်နေ့က ကိန်းဘရစ်ခ်ျမြို့ရဲ့ စိန့်မေရီ ဘုရားကျောင်းဝင်းအတွင်းမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

တစ်ချိန်တည်းလိုလိုပဲ ကိန်းဘရစ်ခ်ျ မြို့လယ်လောက်မှာရှိတဲ့ ၀က်စလေဘုရားကျောင်းမှာ အိမ်ယာမဲ့လူတွေဟာ ပျော်ရွှင်စွာနဲ့ နေ့လည်စာကို သုံးဆောင်နေကြပါတယ်။ ၀က်စလေဘုရားကျောင်းက အိမ်ယာမဲ့လူတွေအတွက် အခမဲ့နေ့လည်စာကို ကျွေးမွေးနေတာဖြစ်ပြီး အလှူရှင်ကတော့ စတီဖင်ဟော့ကင်းနဲ့ သူ့ရဲ့မိသားစုဖြစ်ပါတယ်။

ဒီအစီအစဉ်ကို စိန့်မေရီ ဘုရားကျောင်း ဈပနအခမ်းအနားမှာရှိတဲ့လူတွေ ဘယ်သူမှ ကြိုမသိခဲ့ပါဘူး။ ဟော့ကင်းကိုယ်တိုင် သူမသေခင်တည်းက ကိန်းဘရစ် Food Cycle အဖွဲ့အစည်းကို ငွေကြေးလှူဒါန်းခဲ့ပြီး အခုလို နေ့လည်စာကျွေးဖို့ မှာကြားခဲ့တာပါ။

Thank you to all our volunteers for making Saturday's lunch so special for our guests. And a special thank you to the…

Posted by FoodCycle Cambridge on Monday, April 2, 2018

စိန့်မေရီ ဈာပနအခမ်းအနားပြီးလို့ ဟော့ကင်းရဲ့ အစီအစဉ်အကြောင်း သိလိုက်ရချိန်မှာတော့ သူ့ရဲ့ မိသားစုဝင်တွေဟာ ဟော့ကင်းရဲ့ အကြံအစည်အတွက် ကြည်နူးမိသလို ၀မ်းနည်းဝမ်းသာ ခံစားချက်ကြောင့် ငိုကြွေးခဲ့ကြပါတယ်။ အသက်(၇၆)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီး စတီဖင်ဟော့ကင်းရဲ့ အရိုးပြာတွေကိုတော့ လာမယ့်ဇွန်လမှာ ၀က်မင်စတာ ဘုရားကျောင်းဝင်းအတွင်းက ကမ္ဘာကျော်သိပ္ပံပ ညာရှင်ကြီး ဆာအိုင်ဆက်နယူတန်ရဲ့ဘေးမှာ မြှုပ်နှံသွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
(၁၆)နှစ်နဲ့သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ ဒီဇိုင်နာကောင်လေးအကြောင်း

Source : Unilad

SHARE