စာရေးဆရာတွေကို သူ့အိမ်ကြီးဆီလာပြီး အနားယူဖို့ ဖိတ်ခေါ်နေတဲ့ Stephen King

(AP Photo/Robert F. Bukaty, File)

Stephen Kingလို့ပြောလိုက်တာနဲ့ လူတော်တော်များများရဲ့ စိတ်ထဲမှာ ခြောက်ခြားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ သူရဲ့စာအရေးအသားတွေ၊ သူရဲ့စာအုပ်တွေကို သတိရမိ ကြမှာပါ။ သူ့ရဲ့စာအုပ်တွေထဲကမှ တချို့စာအုပ်တွေဖြစ်တဲ့ IT, Pet Sematary နဲ့ The Green Mile တို့ဆို ရုပ်ရှင်တွေပြန်ရိုက်ပြီး လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။

အခုလည်း Nangor City Councilက ထုတ်ပြန်ချက်အရဆိုရင် Steven Kingတို့ ဇနီးမောင်နှံက သူ့တိုခြံအကျယ်ကြီးထဲမှာ ရှိတဲ့ အိမ်တစ်လုံးမှာ စာရေးဆရာအနည်းဆုံး (၅)ယာက်နဲ့အထက်ကို အေးအေးဆေးဆေးစာလာရေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့ အိမ်ခြံကြီးရဲ့အကျယ်အဝန်းကတော့ (၃)ဧကကျော်ကျယ်ဝန်းပြီး ဘရော့ဒ်ဝေးအနောက်ဖက် (၃၉)လမ်းနဲ့ (၄၇)လမ်းကြားမှာ တည်ရှိပါတယ်။ အဲဒီအနီးအနား ပတ်ဝန်းကျင်မှာ သူတို့အိမ်ကို ထင်ထင်ရှားရှားကြီးကို မြင်ရမှာပါ။ လွန်စွာခြောက်ခြားဖွယ်ရာကောင်းတဲ့ ဂိတ်အကြီးကြီးအနောက်မှာ ခြံအကျယ်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။အဲဒီ ခြံအကျယ်ကြီးထဲမှာမှ အိမ်ကြီးနှစ်လုံး ထီးထီးမားမားကြီးတွေ့ရမှာပါ။

Molly, aka the Thing of Evil, after believing Donald Trump was the CANDIDATE of evil, switches her allegiance to someone even worse.

Posted by Stephen King on Wednesday, November 2, 2016

အဲဒီအိမ်ကြီးနှစ်လုံးအနက် တစ်လုံးကို စာရေးဆရာတွေ အေးအေးဆေးဆေးလာရောက်အနားယူနိုင်ပြီး စာရေးလို့ရအောင် ပြုလုပ်ပေးထားပါတယ် ။နောက်အိမ်ကြီးတစ်လုံးမှာတော့ Stephen King စာရေးလာခဲ့တဲ့သက်တမ်းတစ်လျှောက် သူ့ရဲ့အောင်မြင်မှုမှတ်တမ်းတွေနဲ့ ခြောက်ခြားဖွယ်ရာကောင်းတဲ့ ပစ္စည်းတွေကို ပြတိုက်သဖွယ် ပြသထားပါတယ်။ဒါတွေအကုန်လုံးကိုလည်း Stephen Kingနဲ့ သူ့ဇနီး Tabitha Kingတို့ ထောင်ထားတဲ့ ဖောင်ဒေးရှင်းက အစအဆုံးစီစဉ်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီခြံကြီးဟာဆိုရင်လည်း သူတိုမြို့မှာ ကြောက်စရာအကောင်းဆုံး နေရာကြီးအဖြစ် အချိန်တော်တော်ကြာကြာ သတ်မှတ်ထားခြင်း ခံရပါတယ်။

ပရိသတ်တွေကိုလည်း သူတို့ရဲ့ ခြံကြီးထဲကို လာရောက်လည်ပတ်ခွင့် ပြုသွားမှာဖြစ်ပါတယ်။ အခုတော့ ဒီလိုမျိုး တရားဝင်ခွင့်ပြုပေးလိုက်တဲ့ အတွက်ကြောင့်မို့လို့ Stephen Kingရဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုပါပဲ။ခြောက်ခြားဖွယ်ရာကောင်းလွန်းလှတဲ့ Stephen Kingရဲ့ အိမ်ကြီးထဲမှာနေရင်း စာရေးမယ့်စာရေးဆရာတွေဆီကနေလည်း ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ ဝတ္ထုအရေးအသားတွေထွက်လာမလဲ ဆိုတာကိုတော့ စိတ်ဝင်စားစွာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE