၂၀၁၇ ခုနှစ်တုန်းက ထိုင်ဝမ်ရဲ့မြို့တော် ထိုင်ပေမှာ မြေအောက်ရထားနဲ့ မိုးပျံရထားစီးသူတိုင်း ဟာခနဲ့ ဟင်ခနဲဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ထိုင်ဝမ်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Easy Card နဲ့ Tourism Bureau ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းပြီး အခုလိုမျိုး ခရီးသွားပြည်သူတွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မြေအောက်ရထားနဲ့ မိုးပျံရထားတိုင်းလိုလိုရဲ့ ကြမ်းခင်းတွေကို ထူးထူးခြားခြားဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။

သာမန်မြင်တွေ့နေကျ ပျင်းစရာကောင်းတဲ့ ကြမ်းခင်းကြီးတွေအစား ပန်းချီဆွဲထားသလို ပုံရိပ်တွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်ခဲ့ပါတယ်။

ဒီစိတ်ကူးကိုလည်း EasyCard နဲ့ ခရီးသွားဌာနတို့မှအရင်ရခဲ့တာဖြစ်ပါတယ်။

Universiade ပွဲတော် အတွက် မြို့တော်စီမံခက်အဖြစ် ယာဉ်တွေရဲ့ အတွင်းပိုင်းတွေကိုပြန်လည်ပြုပြင်မွန်းမံခဲ့ပါတယ်။ Universiade ဆိုတာ အိုလံပစ်ပြီးရင် ဒုတိယအကြီးဆုံး နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်က ထိုင်ပေမှာ ကျင်းပသွားခဲ့တာပါ။

ကြမ်းခင်းတွေကို ရေကူးကန်မျိုး၊ ဘောလုံးကွင်း၊ ဘတ်စဘောကွင်း၊ အပြေးလမ်းကြောင်းတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ရုပ်ကြွလွန်းလို့ အပြင်မှာဆိုရင် တကယ့်ရေကူးကန်ထဲရောက်နေတဲ့အလားတောင် ထင်ရပါတယ်။ အများပြည်သူခရီးသွားလာရေးတိုးတက်စေရေးကို လှုံ့ဆော်တဲ့အနေနဲ့ ထိုင်ပေဒေသခံများနဲ့တကွ အနီးအနားမြို့သူမြို့သားများအတွက်ပါ ရည်ရွယ်စီစဉ်ထားခဲ့တာဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ကြမ်းခင်းတွေကို ခရီးသွားပြည်သူများဟာ လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။

အခုလိုကြမ်းခင်းချည်းပဲရိုက်ထားတဲ့ ဓာတ်ပုံတွေအပြင် ကြမ်းခင်းနဲ့လိုက်ဖက်တဲ့ အိုက်တင်တွေပေးပြီး
ဓာတ်ပုံရိုက်ထားတဲ့ လူတွေလည်းရှိပါတယ်။
အပြေးလမ်းကြောင်းပေါ်အပြေးပြိုင်တော့မယ့်လူနဲ့။

ရေကူးမယ်ဆိုတာနဲ့။

ဘောလုံးကန်မယ်ဆိုတဲ့လူနဲ့။

Source: Elite Readers
Penny