တိရစ္ဆာန်လောကဟာ တစ်ခါတစ်လေမှာ လူသားတွေကိုမမျှော်လင့်ဘဲ အံ့သြသွားရအောင် လုပ်နိုင်ပါတယ်။ ဥပမာဆိုရရင် ကျားသစ်ပေါက်နဲ့ တိုက်ခိုက်ခဲ့တဲ့ သတ္တိရှိတဲ့ခွေးတစ်ကောင်ရဲ့အဖြစ်တွေ၊ ကျားသစ်တိုက်ခိုက်ခံနေရတဲ့လူတစ်ယောက်ကို လမ်းဘေးခွေးတွေက ရအောင်ကယ်ဆယ်ခဲ့တာမျိုးတွေပါ။
အခုတစ်ခါမှာလည်း storypick သတင်းစာမျက်နှာကတဆင့် Indian Forest Services က Parveen Kaswan မျှဝေထားတဲ့ ဗီဒီယိုအတိုတစ်ခုကိုဖော်ပြလိုက်ပါတယ်။ ဗီဒီယိုထဲမှာတော့ လမ်းဘေးခွေးတစ်ကောင်က သစ်တောကြိုးဝိုင်းတစ်ခုထဲမှာ ခြင်္သေ့မတစ်ကောင်နဲ့ ရန်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကတော့ ဗီဒီယိုလေးပါ။
Need this much confidence in life. Dog vs Lion. It also highlights issue of stray dogs & wildlife interaction. @zubinashara pic.twitter.com/lNu7X4ALm5
— Parveen Kaswan, IFS (@ParveenKaswan) January 10, 2021
လမ်းဘေးခွေးကတော့ ခြင်္သေ့မရှိရာဆီ ဆက်တိုက်ဟောင်နေပြီး မျက်တောင်မခတ်ဘဲ တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့တိုက်ပွဲအပြီးမှာတော့ ခွေးဟာ နောက်ပြန်ဆုတ်သွားပြီး မထိမခိုက်နဲ့ ပြန်ထွက်သွားခဲ့ပါတယ်။ အောက်မှာကတော့ ဒီဗီဒီယိုရဲ့ ထွက်လာတဲ့ရလဒ်နဲ့ပတ်သက်ပြီး လူတွေရဲ့တုံ့ပြန်ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
Apt example of size doesn’t matter. What matters at the end of the day is your confidence 😊
— Pooja 🇮🇳 (@beyoond_starz) January 10, 2021
not only confidence but “luck” too as Lion not necessarily hungry all the time 🙂
— d’[email protected]$h (@deeps1120) January 10, 2021
ShweMom