ကြင်ယာတော်မီဂန်ကို ပွေ့ဖက်ခဲ့မိလို့ ဟယ်ရီထံ တောင်းပန်စာပို့ခဲ့တဲ့ ကျောင်းသားလေး

YouTube/Access

ကျောင်းသားလေးတစ်ယောက်ဟာ သူတို့ကျောင်းက အခမ်းအနားတစ်ခုကို တက်ရောက်လာတဲ့ မင်းသားဟယ်ရီရဲ့ ကြင်ယာတော် မီဂန်မာကယ်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့မိတာကြောင့် မင်းဟားဟယ်ရီထံ အိတ်ဖွင့်တောင်းပန်စာတစ်စောင် ရေးပို့ခဲ့ပါတယ်။ သူ့အနေနဲ့ တော်ဝင်နန်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်စေခဲ့လို့ အခုလို တောင်းပန်ခဲ့တာပါ။

ကျောင်းသားလေးရဲ့အမည်ကတော့ Aker Okoye ဖြစ်ပြီး၊ အသက်(၁၆)နှစ်ပါ။ မီဂန်မာကယ် စင်မြင့်ထက်ကို တက်လာချိန်မှာ ထူပူပြီး လုပ်မိလုပ်ရာ လုပ်ခဲ့မိတာလို့ စာထဲမှာဖော်ပြထားပါတယ်။ သူရဲ့စာထဲမှာ “ချစ်လှစွာသော ဟယ်ရီနဲ့ မီဂန် .. ဟယ်ရီရေ … ဒီစာကိုရေးလိုက်ရတဲ့အတွက် စိတ်ကသိကအောက် မဖြစ်ဘူးလို့ မျှော်လင့်ပါတယ် ”လို့ အစချီထားပါတယ်။

 

“ မီဂန်ရဲ့ မိန့်ခွန်းကို နားထောင်ရတာ .. နောက်ပြီး သူမရဲ့ရှေ့မှာ စကားပြောခွင့်ရခဲ့တာဟာ အတော်လေးကို မွန်မြတ်ပါတယ် … သူမက တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှိသူပါ …ပြီးခဲ့တဲ့နှစ် လန်ဒန်အရှေ့ပိုင်းကို  မင်းသားလာတုန်းကလည်း ကျွန်တော် တေ့လွဲလေး ဖြစ်ခဲ့ရပါတယ် … အဲဒီတုန်းက မင်းသား အနာဂတ်လူငယ်ဇုံကို လာဖွင့်လှစ်ပေးခဲ့တာလေ …

ကျွန်တော်က ကျောင်းတက်နေလို့ မလာခဲ့ရဘူး … တစ်နေ့နေ့မှာတော့ တွေ့နိုင်မယ် မျှော်လင့်ပါတယ် … အနာဂတ်ဘဝ သာယာဖြောင့်ဖြူးပါစေ … လေးစားစွာဖြင့် ”ဆိုပြီး စာကို အဆုံသတ်ထားတာပါ။ မီဂန်မာကယ် တက်ရောက်ခဲ့တဲ့ ကျောင်းမှာ လန်ဒန်အရှေ့ပိုင်း  Dagenham မှာတည်ရှိတဲ့ Robert Clack Upper School ကျောင်းဖြစ်ပါတယ်။ မတ်လ(၆)ရက်၊ သောကြာနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ကျင်းပခဲ့တာပါ။

မကြောက်တဲ့လူ စင်ပေါ်တက်ခဲ့ပါလို့ ဖိတ်မံခံရတော့ သွက်လက်ချက်ခြာတဲ့ Aker Okoye က စင်ပေါ်ရောက်လာခဲ့ပါတယ်။ မီဂန်က စင်ပေါ်မှာ အသင့်စောင့်နေစဉ် ကျောင်းသားလေး Aker က အရပ်ဘက်နှုတ်ဆက်နည်းအတိုင်း ဘွင်းဘွင်း နှုတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နန်းတော်စည်းမျဉ်းအရတော့ ဒါက ဖောက်ဖျက်မှုဖြစ်လို့ Aker က တောင်းပန်ခဲ့တာပါ။

 

 

View this post on Instagram

 

50 years ago, women in Britain won the right to equal pay. That monumental moment began with one courageous and inspiring group of women in a factory in Dagenham, England. In 1968, facing a pay settlement that declared them less skilled than men, the sewing machinists of the Ford Motor Company walked out on strike. In the face of great pressure, they stood firm, and two years later the UK Parliament was forced to pass the Equal Pay Act, protecting and supporting working women ever since. To mark International Women’s Day, The Duchess of Sussex visited Dagenham to meet with Geraldine Dear, one of the strikers, and spend time with students at the Robert Clack Upper School to meet the town’s next generation of female role models, and talk to young women and men about the women who inspire them. • “Being in Dagenham is incredibly profound. Because as you can see with Geraldine and the other women who had the strength to really stand up for something that they knew needed to be done. This is the best example of no matter how small you might feel, how low you may feel on the ladder or the totem pole, no matter what colour you are, no matter what gender you are, you have a voice, and you certainly have the right to speak up for what is right.” – The Duchess of Sussex A lifetime advocate and campaigner for gender equity, The Duchess joined a special assembly to celebrate this remarkable local story, as well as recognise the social, economic, cultural and political achievements of all women around the world. #InternationalWomensDay #IWD2020 #EachForEqual Photo © The Duke and Duchess of Sussex / Chris Allerton

A post shared by The Duke and Duchess of Sussex (@sussexroyal) on

တော်ဝင်မိသားစုဝင်တွေနဲ့ အရပ်ဘက်သာမန်လူတွေ တွေ့ဆုံတဲ့အခါ အရပ်ဘက်လူတွေက လေးစားသမှုနဲ့ ဦးညွှတ်အရိုအသေပြုရပါတယ်။ ယင်းနောက် ရှေ့ကို ခြေတစ်ဖက်ထုတ်ပြီး ဒူးကို မသိမသာညွှတ်ရင်း လက်ကို ကမ်းပေးပါက လက်ကိုဆုပ်ကိုင်ရပါတယ်။ တစ်ခါတလေ မင်းဆွေမင်းမျိုးတွေဆိုရင်တော့ ပါးချင်းဘယ်ညာကပ်ပြီး နှုတ်ဆက်တာမျိုး ရှိပါတယ်။

ဒါပေမယ့် အခုဖြစ်စဉ်မှာ ကြင်ယာတော်မီဂန်ကိုယ်တိုင်ကလည်း လိုလိုချင်ချင် ပွေ့ဖက်ပေးခဲ့တာပါ။ Aker ကတော့ သာမန်အရပ်သားထဲမှာ အတော်လေးကို ကံကောင်းခဲ့သူ၊ ကုသိုလ်ထူးခဲ့သူလို့ သူ့ကိုယ်သူ ဂုဏ်ယူမိစေမှာ အမှန်ပါဘဲ။ နောက်ပြီး မင်းသားဟယ်ရီနဲ့ မီဂန်ကိုယ်တိုင်က နန်းတော်စည်းမျဉ်းတွေကို မသိမသာ ပညာပါပါ ချိုးဖောက်တဲ့ကိစ္စဘက်မှာ အတော်လေး နာမည်ကြီးပါတယ်။

 

Aker ဟာ အမျိုးသမီးများနေ့အတွက် အမှတ်တရစကား ပြောရတာဖြစ်ပြီး သူက “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆိုတာ သူတို့အနေနဲ့ အရာအားလုံးကို လုပ်နိုင်တယ် … လုပ်ချင်ရာကို လုပ်နိုင်တယ် … ဒီနေ့ဟာ မက်ဆေ့တစ်ခုထက် ပိုပါတယ် … အခု လာမယ့် တနင်္ဂနွေနေ့ဟာ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးတွေကို အရာဝတ္ထုတစ်ခုကဲ့သို့ သဘောမထားကြတဲ့ နေ့တစ်နေ့လည်း ဖြစ်လာနိုင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

မီဂန်ကတော့ “ ကျွန်မ ဒီပွဲကိုတက်မယ်လို့ ရှင်တို့ သိထားကြမယ် ထင်နေတာ … Surprise အတွက် တောင်းပန်ပါတယ် … ဒီနေ့ ဒီမှာရှိနေရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ … ဒီနှစ် အမျိုးသမီးများနေ့မှာ ကျွန်မ ဘာလုပ်ချင်လဲ စဉ်စားတဲ့အခါ ကျွန်မအတွက်ကတော့ ကျွန်မတို့ရဲ့အနာဂတ်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာ အလွန်ကို အရေးပါတယ်လို့ ထင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE