သမ္မတအိမ်ဖြူတော်ရှေ့မှာ လှဲအိပ်ပြီး ဆန္ဒပြခဲ့တဲ့ အမေရိကန်ကျောင်းသားများ

၁၉.၂.၂၀၁၈ တနင်္လာနေ့က ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်ကျောင်းသားတွေမှာ သမ္မတအိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြခဲ့ ကြပါတယ်။ ဒီဆန္ဒပြမှုဟာ ပြီးခဲ့တဲ့ ၁၄.၂.၂၀၁၈ မှာ ဖလော်ရီဒါက ကျောင်းဝင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့လည်း စပ်ဆက်နေပါတယ်။ ဆန္ဒပြကျောင်းသားတွေရဲ့ တောင်းဆိုမှုကတော့ အမေရိကန်အစိုးရ ပြဌာန်းထားတဲ့ “လက်နက်ကိုင်ဆောင်ခွင့်” ဥပဒေကို ပြင်ဆင်ပေးဖို့ပါ။

AP

ဆန္ဒပြကျောင်းသွားတွေဟာ အိမ်ဖြူတော်ရှေ့မှာ အလှည့်ကျ(၃)မိနစ်ဆီ  အလှည့်ကျ လှဲလျောင်းပြီး ဆန္ဒပြခဲ့ပါ တယ်။ ဒီ(၃)မိနစ်ဆိုတဲ့ အချိန်အပိုင်းအခြားဟာ (၁၉)နှစ်အရွယ်သေနတ်သမား နီကိုလပ်စ် ခရုဇ်က ဖလောရီဒါက ကျောင်းဝင်းအတွင်းမှာ သေနတ်ကိုင်ဆောင်ပြီး ပစ်ခတ်ခဲ့ချိန်ပါ။ လှဲလျောင်းသူတွေဘေးမှာ ရပ်နေတဲ့ ကျောင်းသားတွေကတော့ “ဒီတစ်ခါ ငါ့အလှည့်လား” ၊ “ဥပဒေတွေကို လွှတ်တော်က သတ်မှတ်ပေးတာလား , NRA ( National Rifle Association)က သတ်မှတ်ပေးတာလား” ဆိုတဲ့ ဘုတ်ပြားတွေကိုင်ဆောင်ပြီး ဆန္ဒပြ ခဲ့ကြပါတယ်။

READ
သူငယ်ချင်းအရင်းကို အဆိပ်ခပ်သတ်ခဲ့သည့် အမျိုးသမီးကို ထောင်ဒဏ်အနှစ် 20 ချမှတ်
AP

ဒီဆန္ဒပြပွဲကို ၀ါရှင်တန်ဒီစီက ကျောင်းသားတွေဖွဲ့စည်းထားတဲ့ ‘Teens For Gun Reform’ အဖွဲ့အစည်းက ဦး ဆောင်ခဲ့တာပါ။

AP

ဒီအဖွဲ့အစည်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆန္ဒပြပွဲနဲ့ ပတ်သတ်လို့ ‘ကျောင်းဝင်းအတွင်းမှာ အသက်သေဆုံးခဲ့ရတဲ့ သူတွေကို ကိုယ်စားပြုကြောင်း ၊ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေရဲ့ အားနည်းချက်ကို အသုံးချခဲ့တဲ့ ရက်စက်ကြမ်းကြုတ်သူတွေကို ရည်ရွယ်ကြောင်း ၊ အစိုးရအဖွဲ့ကိုလည်း ဥပဒေတွေ ပြောင်းလဲဖို့ လိုပြီဆိုတာကို အသိပေးခြင်းဖြစ်ကြောင်း ’ သူတို့ရည်ရွယ်ချက်ကို ဖော်ပြသွားခဲ့ပါတယ်။

AP

အမေရိကန်ပြည်သူအများစုဟာ “လက်နက်ကိုင်ဆောင်ခွင့်” ဥပဒေကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဖလော်ရီဒါက လူသတ်မှုကြီးမှာ အသတ်မသေဘဲ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သူ ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ အမ်မာဂွန်ဇာလက်ဇ်ကတော့ ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် အကြမ်းဖက်မှုနဲ့ ပတ်သတ်ပြီး  NRA နဲ့ သမ္မတထရမ့်အပါအ၀င် ရွေးကောက်ပွဲကာလ တစ်လျှောက်မှာ NRA ဆီက အလှူငွေတွေ လက်ခံထားတဲ့ အမေရိကန်နိုင်ငံက နိုင်ငံရေးသမားတိုင်းကို ဝေဖန်ရှုံချလိုက်ပါတယ်။

READ
ငယ်ငယ်ကတည်းက မွေးမြူလာခဲ့တဲ့သခင်ကို ပြန်ကိုက်သတ်ခဲ့တဲ့ ကျားကြီး

Source : Daily Mail

ZARNI

SHARE