စပွန်ဆာနဲ့ ရိုက်ထားတဲ့ဗီဒီယိုဆိုပြီး အွန်လိုင်းမှာပျံ့နေတဲ့အပေါ် ပတ်ထရစ်ရှာဖြေရှင်း

facebook.sueshanaing

ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့  သူမရဲ့ ဗိုလ်ဆန်တဲ့အလှကြောင့် နာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဆွဲဆောင်အပြည့်ရှိတဲ့ ညို့အားပြင်းတဲ့ ဆွဲဆောင်မှုကြောင့်လည်း ပုရိသတွေ ကြွေဆင်းနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးပြောပြလာတာဖြစ်ပါတယ်။

facebook.sueshanaing
facebook.sueshanaing

အင်တာပေါ်က ဖေစ်ဘုတ်ပေဂ်ျ့တစ်ခုကတော့ “ပတ်ထရစ်ရှာ စပွန်ဆာနဲ့ ဟိုတယ်ပေါ်က ဗီဒီယိုဖိုင်ပေါက်ကြား” ဆိုပြီးတော့ ဓါတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို မဟုတ်မမှန်တဲ့ သတင်းတွေ မယုံကြည်စေချင်တဲ့ ပတ်ထရစ်ရှာကတော့ “ ဟာ… စပွန်ဆာကြီး Liam ရိုက်ပေးထားတဲ့ video ပေါက်ကြားကုန်ပြီ ငါ့နှယ်လည်းကြုံလိုက်ရင်အဆန်းအကြယ်တွေပါအေ နာမည်ဖျက်စရာ ရှာမတွေ့တော့ နောက်ဆုံးငါကိုယ်တိုင်တင်ထားတဲ့ video clip ကိုယူပြီး ပရိသတ်ကိုဂျင်းထည့်တာနောက်ဆိုတစ်မျိုးလုံးတစ်ဆွေလုံးပါ video ထဲထည့်ရိုက်ပြရမလိုဖြစ်နေပြီ ” ဆိုပြီးတော့ သူမရဲ့ ဖေစ်ဘုတ်ကနေတစ်ဆင့် ရေးသးလာတာဖြစ်ပါတယ်။

READ
အခြေခံလူတန်းစားတွေ အတွက် သိန်းတစ်ရာထပ်မံလှူဒါန်းပေးခဲ့တဲ့ နေတိုး
facebook.sueshanaing

အဲဒီဓါတ်ပုံလေးကတော့ ပတ်ထရစ်ရှာ သူမရဲ့ မွေးနေ့မှာ တင်ခဲ့တဲ့ ဗီဒီယိုကပုံဖြစ်ပါတယ်။ ပရိသတ်တွေလည်း သတင်းအမှားတွေကို မယုံကြနဲ့တော့နော်။

Source: sue sha naing

SHARE