အထက်တန်းကျောင်းသားလေးကြောင့် ပြဿနာတွေ ရှင်းခဲ့ရတဲ့ Sunny Leone

[email protected] therealemraan [email protected] sunnyleone

တက္ကသိုလ်တွေမှာ စာမေးပွဲ ဖြေဆိုကြရင် အခန်းစောင့် ဆရာ၊ဆရာမတွေက စာမေးပွဲမစခင်မှာ စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူတွေရဲ့ နာမည်တွေ၊ ခုံနံပါတ်တွေ၊ မိဘနာမည်တွေကို စစ်ဆေးလေ့ ရှိတာ တော်တော်များများ သိကြမှာပါ။ အခုလည်း အိန္ဒိယနိုင်ငံက တက္ကသိုလ်ကျောင်းသားတစ်ဦးဟာ စာမေးပွဲဖြေဆိုခါနီး သူ့ရဲ့ စာမေးပွဲကဒ်မှာရှိတဲ့ မိဘနှစ်ပါးနာမည်ကြောင့် အတန်းစောင့် ဆရာဆရာမတွေတောင် မျက်လုံးပြူးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ကျောင်းသားရဲ့ မိဘနှစ်ဦးနာမည်က Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ မင်းသမီး Sunny Leone နဲ့ နာမည်ကျော် မင်းသားကြီး Emraan Hashmi တို့ပဲဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ကျောင်းသားလေးကတော့ အသက် ၂၀ အရွယ်ရှိ Kundan Kumar ပဲ ဖြစ်ပါတယ်။ Kudan ဟာ Dhanraj Mahto Degree College မှာ စာမေးပွဲဖြေဆိုနေတဲ့ အချိန်အတွင်းမှာ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို နာမည်ကြီးရတာကလည်း သူ့ရဲ့ စာမေးပွဲကဒ်မှာ ပါဝင်တဲ့ မိဘနှစ်ပါး နာမည်ကြောင့်ပါ။ အဆိုပါ စာမေးပွဲကဒ်မှာ ပါဝင်တဲ့ မိဘနှစ်ပါးနာမည်ဟာ Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တာကြောင့် လူတိုင်းက တစ်မျိုးထင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို မီဒီယာတွေကအစ စိတ်ဝင်စားခဲ့ကာ သတင်းက ပိုကြီးသွားခဲ့ပါတယ်။ ပရိသတ်တွေကြားမှာလည်း သို့လော၊ သို့လော မေးခွန်းပေါင်းမြောက်မြားစွာနဲ့ အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

READ
Spider Man ရဲ့ Challenge ကို မထင်မှတ်တဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့တဲ့ Deadpool မင်းသားကြီး

 

ဘယ်လေက်တောင် သတင်းကြီးသွားသလဲဆိုရင် မိဘနှစ်ပါးနေရာက ဖော်ပြခံခဲ့ရတဲ့ Sunny Leone နဲ့ Emraan Hasjmi တို့အထိပါ ပေါက်ကြားခဲ့တာပါ။ Sunny Leone ကတော့ သူမရဲ့ Twitter အကောင့်မှာ ဟာသဆန်ဆန်ပို့စ်တင်ခဲ့ပြီး Kundam ရဲ့ စာမေးပွဲကဒ်ကိုပါ share ခဲ့ပါတယ်။ မင်းသားကြီး Emraan Hashmi ကတော့ “ကျွန်တော့်ကလေးမဟုတ်တာ ကျွန်တော်ကျိန်ဆိုကျိန်ရဲပါတယ်”ဆိုပြီး ပို့စ်တင်ကာ ဟာသဆန်ဆန်သာ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

READ
ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ထူးဆန်းတဲ့နည်းနဲ့ လမ်းဖြတ်လျှောက်ခဲ့ကြရတဲ့ လူများ
[email protected]

Pyi Hein Kyaw

SHARE