အားလုံးကို ကျော်ပြီး Google မှာ ရှာဖွေမှုအများဆုံးဖြစ်လာတဲ့ Sunny Leone

Image:celebrities' IG/twitter

Sunny Leone ကတော့ ဘောလိဝုဒ်ရဲ့  နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။အမျိုးသားပရိသတ်တွေကြားမှာ ပိုပြီး နာမည်ကြီး ရေပန်းစားတဲ့ သူလို့ ပြောလို့ရပါတယ်။သူမဟာ အပြာမင်းသမီး ဘ၀က နေ ရုန်း ထွက်ပြီး အောင်မြင် တဲ့ ဘောလိဝုဒ်မင်းသမီးတစ်ယောက် အဖြစ် ပြောင်းလဲ ရပ်တည်ခဲ့သူပါ။ (၁၉၈၁)ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူမရဲ့ အသက်ကတော့ အခုဆိုရင် (၃၈) နှစ်ပါ။ လုံးဝ Sexy ကျကျအလှကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတစ်ယောက်ပါ။ ကနေဒါမှာမွေးတဲ့ အိန္ဒိယန်-အမေရိကန် မင်းသမီးလေးပါ။

Image:IG/Sunny Leone
Image:IG/Sunny Leone

Sunny Leone ကတော့ အိန္ဒိယမှာဆိုရင် Most Googled Celebrities in India ( Google မှာ  လူရှာဖွေမှု အများဆုံး ဆယ်လီ)တစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။အိန္ဒိယမှာဆိုရင် တခြား နာမည်ကြီး ဆယ်လီတွေ အများကြီးရှိပါတယ်။သူမထက်ပိုပြီး နာမည်ကြီး တဲ့ အောင်မြင်တဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ အများကြီးရှိပေမယ့်လည်း သူမဟာ အဲ့ဒီလူတွေ အားလုံးကို ကျော်တက်ပြီး  အခုလို ရှာဖွေမှု အများဆုံး ဖြစ်နေတာပါ။

READ
အရမ်းတွေလန်းနေတဲ့ ခလေးဆိုးကြီး လုလုအောင်
Image:IG/Sunny Leone
Image:IG/Sunny Leone

အိန္ဒိယမှာဆိုရင် ၀န်ကြီးချုပ် Narendra Modi ၊  တခြား စူပါ စတားတွေဖြစ်တဲ့ Salman Khan နဲ့  Shah Rukh Khan တို့ လည်း ရှိပေမယ့် အဲ့ဒီလူတွေ သူမကို ပိုပြီး ရှာဖွေမှု များနေတာပါ။ Google Trends’ analytics အရ ဆိုရင် တော့ လူတွေက Sunny  ရဲ့ ဗီဒီယိုတွေ အပြင် သူမရဲ့အကြောင်းကို ရိုက်ထားတဲ့  စီးရီး Karenjit Kaur: The Untold Story Of Sunny Leone တို့ကို ရှာဖွေမှုများ နေတာပါ။အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေ ဖြစ်တဲ့ Manipur နဲ့  Assam က လူတွေက Google မှာ  အများဆုံး ရှာဖွေ ကြတာပါ။ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Sunny ဟာ အိန္ဒိယမှာဆိုရင်  Google မှာ ရှာဖွေ အခံ ရဆုံး ဆယ်လီ အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။

READ
The Grace အဖွဲ့ဝင် Sunday ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ခဲ့ကြတဲ့ SNSD နဲ့ Super Junior
Image:IG/Sunny Leone

SOURCE : rvcj

SHARE