ယောက်ျားလေးတစ်ယောက်သင့်ကိုစိတ်ဝင်စားရင် ပြုမူလေ့ရှိတဲ့အပြုအမူများ

ကောင်လေးတစ်ယောက် သင့်ကိုစိတ်ဝင်စားနေပြီဆိုတာ သိသာစေနိုင်အချက်တွေကို Shwemom က အမျိုးသမီး ပရိ
သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ များသောအားဖြင့်တော့ ဒိလိုပုံစံဟာ နီးစပ်တဲ့သူတွေအချင်းချင်းသာ ဖြစ်လေ့ရှိတဲ့ သဘောသဘာဝတွေ ဖြစ်လို့ ကာယကံရှင်နှစ်ယောက်ကြားမှာ ခိုင်မာတဲ့ရင်နီးမှု ရှိပြီးသား ဖြစ်နေတတ်ပါတယ်။

(၁) တို့ထိဖို့အတွက် အကြောင်းပြချက်ရှာတယ်

သူဟာ သင့်ကို တကယ်စိတ်ဝင်စားပြီဆိုရင် သင့်ကို ဘယ်လိုပုံစံမျိုးနဲ့တို့ရမလဲ၊ ထိရမလဲ၊ ကိုင်ရမလဲဆိုတဲ့ အကြောင်းပြ
ချက်ကို အမြဲရှာနေတတ်ပါတယ်။ သင့်အနေနဲ့ မယုံဘူးဆိုရင် တစ်ခုခုကို လန့်တာလိုလိုနဲ့ စူးစူးဝါးဝါး အော်ကြည့်ပါ။ သူ့
အတွက် အကြောင်းပြချက် ကောင်းကောင်း ရသွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခြားနည်းတွေလည်း အများကြီးရှိပါ
တယ်။ ဥပမာ လမ်းကူးတဲ့အခါမျိုးမှာ ခပ်တည်တည် ပိုင်စိုးပိုင်နင်း လက်ကို ဖမ်းဆွဲတာမျိုးပေါ့။

READ
ဆယ်ကျော်သက်တစ်ဦး တီထွင်လိုက်တဲ့ ရင်သားကင်ဆာ ရှာဖွေစောင့်ကြည့်ပေးနိုင်တဲ့ဘရာ

(၂ ) (သထားမိမှန်းသိနေလည်း)အကြာကြီးစိုက်ကြည့်တယ်

သူ့ကို သင်က ငါ့ကို ကြည့်များနေမလားလို့ သတိထားမိတဲ့အခါမျိုးမှာ ပိုပြီး စိုက်ကြည့်တတ်ပါတယ်။ တစ်ခါတလေ တစ်
ခြားပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပျက်နေသလိုမျိုးကို စိုက်ကြည့်တတ်ပါတယ်။

(၃) အခြားကောင်မလေးတွေအကြောင်းကို စိတ်မ၀င်စားဟန်ပြတယ်

သင်က အခြားကောင်မလေးတွေ အကြောင်းကို စကားဦးတည်တဲ့အခါ သူ့မျက်နှာက မသာမယာပုံဖြစ်သွားတာတို့၊ သိပ်
ပြီး စိတ်ပါလက်ပါ မရှိတဲ့ပုံစံဖမ်းတာတို့- တစ်ခါတလေ ငါ သူ့များအကြောင်း စိတ်မ၀င်စားဘူး နင့်အကြောင်းပဲ ပြောစမ်းပါ
ဆိုပြီး ဗြောင်ပြောတတ်တာမျိုးတောင် ရှိပါတယ်။

(၄) အတူတူရှိနေရတာကို ပျော်တယ်

သူဟာ သင်နဲ့ အတူတူရှိနေရတာမျိုးကို ပျော်ပြတတ်ပါတယ်။ တက်ကြွနေတတ်ပါတယ်။ ဒါကိုလည်း သင် မသိ သိအောင် ကြိုးစားပြလေ့ရှိပါတယ်။ တစ်ခါတလေ စကားနဲ့ တိုက်ရိုက်ဝန်ခံတတ်ပါတယ်။

READ
နာမည်ကြီးအနုပညာရှင်များ၏ ပလပ်စတစ်ဆာဂျူရီမလုပ်မီကပုံများ

(၅) အာရုံစိုက်ရင် သဘောကျဟန်ပြတယ်

သူ စကားပြောနေတဲ့အခါမျိုးမှာ သင့်ကိုသာ ဦးတည်ပြောလေ့ရှိပြီး အခြားသူတွေ ဘယ်လောက်များများ အဲဒီလူတွေကို
ဟန်ပြအဖြစ်လောက်သာ ဦးတည်ချက်ထားလေ့ရှိပါတယ်။ သင်စိတ်မ၀င်စားဟန်ပြုရင် သူ့စကားမှာပြောမှုမှာ သိသိသာ
သာ အားပျော့သွားတတ်ပြီး သင် စိတ်ဝင်စားဟန်ပြုရင် သူ ပြောရတာ စိတ်ပါလက်ပါရှိသွားတတ်ပါတယ်။

မဒီလေး (Shwemom)

shwemom-2

source : lovepanky.com

SHARE