အနုပညာသက်တမ်း ဆယ်နှစ်ပြည့်သွားတဲ့ ခံစားချက်ကို ပြောပြလာတဲ့ Suzy

instagram by skuuuzky

အဆိုတော်၊ သရုပ်ဆောင် Suzy ကတော့ အနုပညာသက်တမ်း ဆယ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ပြည့်သွားတဲ့အပေါ် သူမရဲ့ ခံစားချက်နဲ့ အတွေးတစ်ချို့ကို ပြောပြထားတဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

Dashing Diva✨ #Suzy #BaeSuzy #수지 #배수지 #秀智 #裴秀智 #ซูจี

A post shared by 배 수 지 (Bae Su ji)♡ (@suzybae__) on

ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ ELLE အတွက် Suzy ကို အင်တာဗျူးခဲ့တာပါ။ ဒီအင်တာဗျူးမှာတော့ Jyly 1 ရက်နေ့က ဆယ်နှစ်ပြည့်သွားတဲ့ သူမရဲ့ အနုပညာခရီးလမ်းအကြောင်းကို မေးမြန်းခဲ့တာ ဖြစ်ပြီး Suzy က ခုလိုဖြေကြားခဲ့ပါတယ် “ အဲဒီ့နေ့က ကျွန်မကို ကျွန်မ နင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ် တော်တယ် Suzy ဆိုပြီး ကိုယ့်ကိုယ်ကို ပြောခဲ့တယ် အနုပညာသက်တမ်း ဆယ်နှစ်ပြည့်သွားပြီဆိုတာတောင် မယုံနိုင်ဘူး အဲလောက်ထိ ရှိသွားပြီလို့ မထင်တာပါ ခုလို ဆယ်နှစ်ပြည့်သွားတော့ တော်တော်လေး ကြာခဲ့ပြီလို့ တွေးမိလာတယ် ကျွန်မကို ဟိုးအရင်ကတည်းက အားပေးလာခဲ့တဲ့ ပရိတ်သတ်တွေလည်း ကျွန်မလိုပဲ အသက်တွေ ကြီးလာကြရောပေါ့” ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
ပရိသတ်တွေဆီက မထင်မှတ်ထားတဲ့ လက်ဆောင်တွေရခဲ့တဲ့ အနုပညာရှင်များ

 

 

View this post on Instagram

 

Suzy for Dashing Diva 💅🏻 #SUZY #수지 #DashingDiva #데싱디바

A post shared by 배 수 지 (Bae Su ji)♡ (@suzybae__) on

လွန်ခဲ့တဲ့ ဆယ်နှစ်မှာ သူမ ဘာတွေရခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး သူမက ခုလိုပြောပြခဲ့ပါသေးတယ် “ ခုလိုမျိုး အနုပညာလမ်းကြောင်းမှာ အချိန်အကြာကြီး လျှောက်ဖြစ်တယ်ဆိုတာက ဒီအလုပ်ကို ချစ်လို့ပါ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ ဒီအလုပ် လုပ်ရတာကို ကြိုက်တယ် လာမယ့် နေ့ရက်တွေအတွက်လည်း အများကြီး ပြင်ဆင်ရအုံးမှာပါ” ဆိုပြီး သူမရဲ့ ခံယူချက်တွေကို ပြောပြခဲ့ပါတယ်။ Suzy ဟာ kpop girl group miss A အဖွဲ့နဲ့အတူ July 1, 2010 ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာ ဖြစ်ပါတယ်။

READ
အုပ်စိုးခန့်နဲ့ သွန်းဆက်ရဲ့ Kiki Challenge

Khin

SHARE