လူတွေကြောင့် သားသမီးတွေနဲ့ သေကွဲ ကွဲခဲ့ရလို့ ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့တဲ့ ငန်းမကြီး

[email protected] Manson

အင်္ဂလန်နိုင်ငံရှိ ငန်းမကြီးတစ်ကောင်ဟာ ဆယ်ကျော်သက်ကောင်လေးတစ်အုပ်ကြောင့် ဝပ်ထားတဲ့ ဥတွေ ပျက်ဆီးခဲ့ပြီး အဲဒီစိတ်နဲ့ပဲ မကြာခင်အချိန်ကပဲ သေဆုံးသွားခဲ့ရကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါငန်းမကြီးဟာ ဘယ်သူ့ကိုမှ အန္တရာယ်မပြုပဲ ရေကန်ကြီးတစ်ကန်ရဲ့ဘေးမှာ ဥကလေး ၆ လုံးကို ဝပ်နေခဲ့ပြီး အဆိုပါဥတွေကိုပဲ လူငယ်တစ်အုပ်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရပါတယ်။

[email protected] Manson

အင်္ဂလန်နိုင်ငံ၊ Bolton မြို့က ငန်းမကြီးတစ်ကောင်ဟာ လွန်ခဲ့တဲ့ လကတည်းက မန်ချက်စတာတူးမြောင်းကြီးအနီးရှိ ရေကန်ကြီးတစ်ကန်မှာ သူ့ရဲ့အဖော်ဖြစ်သူနဲ့ ပြောင်းရွှေ့လာပြီး ဥတွေကို ဥနေတာကြောင့် အနီးအနားပတ်ဝန်းကျင်က လူတွေ သတိထားမိခဲ့ကြပါတယ်။ ဥဥနေတဲ့အချိန်ဖြစ်တာကြောင့် လူတွေဟာလည်း သူတို့ အသိစိတ်နဲ့ သူတို့ အဲဒီရေကန်ကြီးအနားကို ယောင်လို့တောင် မသွားခဲ့ကြပါဘူး။ ဥတွေအကုန်သပြီးလို့ သိပ်မကြာခင်မှာပဲ အဆိုပါ ငန်းမကြီးရဲ့ ဥတွေအကုန်လုံးဟာ ဖျကိဆီးခံခဲ့ရပါတယ်။

Posted by Michael James Mason on Thursday, June 18, 2020

ဒီလို ငန်းမကြီးရဲ့ ဥတွေကို ဖျက်ဆီးသွားတာကလည်း လူငယ်လေးတစ်သိုက်ဖြစ်ကြောင်း အဆိုပါမြို့ခံလူ Micheal Mason ရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ “အဲဒီနေ့က ရေကန်အနားမှာ ကလေးတွေ အသံကြားလို့ အဲဒီရေကန်ကြီးအစပ်မှာ ငန်းသိုက်ရှိကြောင်းပြောမလို့ သွားတဲ့အချိန်မှာ အဲဒီကလေးတွေ ထွက်ပြေးသွားတာ တွေ့လိုက်ပါတယ်။ ရုပ်တွေကိုတော့ သေသေချာချာ မမြင်ခဲ့ရပါဘူး။ ပြီးတော့ ရေစပ်နားက ငန်းသိုက်ကို သွားကြည့်လိုက်တော့ ငန်းဥတွေအကုန်လုံးက ပျက်စီးနေပြီး အသိုက်ထဲမှာလည်း အုတ်ခဲကျိုး ၃ လုံးကို တွေ့လိုက်ရပါတယ်။ သေချာတာကတော့ အဲဒီကလေးတွေရဲ့ လက်ချက်ပါပဲ”လို့ Micheal Manson က ပြောကြားခဲ့ပါတယ်။

Posted by Michael James Mason on Thursday, June 18, 2020

အဆိုပါ ငန်းမကြီးမှာလည်း အဲဒီစိတ်နဲ့ပဲ သိပ်မကြာခင် သူ့အသိုက်မှာပဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အခုတော့ တော်ရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ဝင် Sam Woodrow က အဆိုပါလူငယ်တွေကို လိုက်ရှာပြီး ပြစ်ဒဏ်တစ်ခုခုပေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

READ
မင်္ဂလာမဆောင်ချင်ပဲ ဆောင်ရတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ သတို့သားရဲ့ဒေါသ

Pyi Hein Kyaw

SHARE