ဒီတစ်ခါ ဖော်ပြပေးမှာကတော့ အရသာအလွန်ရှိပြီး ထမင်းမိန်စေတဲ့ ဘဲဥအချိုချက်နည်းလေးဖြစ်ပါတယ်။ ဝက်သားထည့်ချက်လို့လည်း ရပါတယ်။ ခုကတော့ ဘဲဥချည်းပဲ ချက်နည်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
လိုအပ်သောပစ္စည်းများ
- ဘဲဥလေးလုံး
- သကြား အနည်းငယ်
- ပဲငံပြာရည်အနောက် အနည်းငယ်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ ၅ဇွန်းခန့်
- ကြက်သွန်ဖြူ ၅ မွှာ
- ကြက်သွန်နီတစ်လုံး
- မန်ကျည်းရည် အနည်းငယ်
ချက်ပြုတ်ပုံအဆင့်ဆင့်
- ဘဲဥကိုပြုတ်၍ ထက်ခြမ်းခြမ်းထားပါ။
- ကြက်သွန်များကို ထောင်းပါ။
- ဒယ်အိုးထဲကို ဆီထည့်၍ အပူပေးပါ။
- ဆီသိပ်မပူခင်မှာ သကြား၊ ပဲငံပြာရည်၊ မန်ကျည်းရည် နှင့် ကြက်သွန်ထောင်းများကို ထည့်၍ဆီသတ်ပါ။
- ကြက်သွန်များ နွမ်းပြီး ပဲငံပြာရည်အနံ့မွှေးလာပြီဆိုလျှင် ဘဲဥကိုထည့်ပါ။
- မီးသိပ်မပြင်းရပါ။
- ဆီပြန်ပြီး အနှစ်လေးတွေဖြစ်လာပြီဆိုရင် အနံ့အရသာနှင့်ပြည့်စုံသော ဘဲဥအချိုဟင်းကို စားသုံးနိုင်ပါပြီ။
Em Em (Shwemom)