Taeyang နဲ့ Min Hyo Rin တို့ရဲ့ ထူးခြားလှပတဲ့ မင်္ဂလာဖိတ်စာ

BIGBANG အဖွဲ့ဝင် Taeyang နဲ့ သူ့ချစ်သူ  Min Hyo Rin တို့ကတော့ ဖေဖော်ဝါရီ (၃) ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပ ကြတော့မှာပါ။(၂၀၁၅) မေတုန်းက တွဲနေပြီဆိုတဲ့ အကြောင်းအသိပေးခဲ့ပြီး လက်ထပ်တော့မယ့်အကြောင်းကိုတော့ လွန်ခဲ့ တဲ့ တစ်လလောက်က အသိပေးခဲ့တာပါ။

အခုဆိုရင်တော့ သူတို့ရဲ့ ထူးခြားလှပတဲ့ မင်္ဂလာဖိတ်စာလေး အွန်လိုင်းပေါ် ထွက်ပေါ်လာပါပြီ။ဖိတ်စာလေးကိုတော့ 1TYM  အဖွဲ့ဝင် Song Baek Kyung က သူ့ရဲ့ Instagram မှာဖော်ပြလိုက်တာပါ။caption မှာတော့ “Train ing ခန်းမှာ စဆုံခဲ့တဲ့ Youngbae လို့ ခေါ်တဲ့ ကလေးလေးက အဲ့ဒီတုန်းက မူလတန်းကျောင်းမှာ Grade 5 တက်နေ တယ်.  BIGBANG အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ကြီးပြင်းလာတော့ အားလုံးက အံ့အားခဲ့ကြတယ်.. ဒါပေမယ့် သူက လက်ထပ် ချင်ပြီ မိသားစုဘ၀လေး ထူထောင်ချင်ပြီလို့ ပြောလာတော့ ပိုပြီးတော့ အံ့သြခဲ့ရ တယ် ..အလုပ်က ပြန်လာတော့ Song Baek Kyung နဲ့ Oh Jin Hwan ဆိုပြီး နာမည်တပ်ထားတဲံအရမ်းလှတဲ့ ဖိတ်စာေ လးကို တွေ့လိုက် တယ်။တကယ်ပဲ ဂုဏ်ပြုပါတယ် Young Bae ရေ”  ဆိုပြီးရေးထားပါတယ်။

READ
မြင့်မြတ်ရဲ့ သားလေးကို သွားရောက်တွေ့ဆုံခဲ့တဲ့ မေမြင့်မိုရ်

Song Baek Kyung က “ပထမဆုံးလက်ထပ်တဲ့ BIGBANG အဖွဲ့ဝင်” “Live a happy life,” “Congr atulati ons, Min Hyo Rin.” ဆိုပြီးတော့လည်း ရေးထားပါတယ်။Taeyang ကတော့ လက်ထပ်ပြီးရင်နေဖို့ ၀မ်ငွေ (၄) ဘီလီယံတန် အမေရိကန် ဒေါ်လာနဲ့ဆိုရင် (USD4,100,000) ရှိတဲ့ အိမ်တစ်လုံးဝယ်ထားတယ်လို့ သိရပါတယ်။ Taey ang ဟာ (၂၀၀၆)ခုနှစ်မှာ Big Bang ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။သူ့ရဲ့ဇနီးလောင် Min ကလည်း ဖက်ရှင် မော်ဒယ် အလုပ်ကို (၂၀၀၆)မှာ စတင်လုပ်ကိုင်ခဲ့တာပါ။နောက်ပိုင်းကျမှ ဒရမ်မာဇာတ်ကားတွေမှာ ပါဝင် သရုပ်ေ ဆာင်ခဲ့တာပါ။ သူတို့စုံတွဲဟာ Taeyang ရဲ့ “1AM” MV ရိုက်ရင်းဆုံခဲ့ကြတာပါ။

READ
စင်မြင့်ထက်မှာ ပြောလိုက်တဲ့စကားအပေါ် ဒါရိုက်တာစင်ရော်မောင်မောင် ပြန်ဖြေရှင်း

from soompi

SHARE