တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ချီးမွမ်းခံနေရတဲ့ ထိုင်ဝမ်က ပိုကီမွန်စတိုး

facebook/711open

ထိုင်ဝမ်မှာ ပိုကီမွန်နဲ့စပ်ဆက်ပစ္စည်းတွေရောင်းချတ 7-Eleven စတိုးဆိုင်တစ်ဆိုင်ကို Bangiao ခရိုင်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတိုးဆိုင်ကိုတော့ ဂျပန်ပိုကီမွန်ကုမ္ပဏီတစ်ခုက ဒီဇိုင်းရေးဆွဲတာဖြစ်ပြီး စဖွင့်ကတည်းက အခုထိ ပိုကီမွန်ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိပါတယ်။ ဆိုင်ထဲမှာတော့ အထွေထွေအသုံးပစ္စည်းတွေအပြင် ပိုကီမွန်နဲ့စပ်ဆက်တဲ့ပစ္စည်းတွေကိုပါ ရောင်းချပေးလျက်ရှိပါတယ်။

facebook/711open

စတိုးဆိုင်ရဲ့အဝင်ဝမှာတော့ Pikachu, Charizard, Lapras စတဲ့ အကောင်လေးတွေရဲ့ရုပ်ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဆိုင်ထဲမှာတော့ ပိုကီမွန်ကစားခန်းလဲဖွင့်ထားပြီး ဈေးဝယ်သူတွေဟာ ပိုကီမွန်ကတ်ဂိမ်းကိုလည်း ကစားနိုင်မှာဖြစ်ပါတယ်။ နံရံတွေပေါ်မှာတော့ ပိုကီမွန်ကောင်ပေါင်း ၈၀၈ကောင်ရဲ့ရုပ်ပုံတွေကိုရေးဆွဲထားပါတယ်။

寶可夢訓練家最期待的寶可夢主題店終於今天登場拉🎉
📍地點就在板橋府中捷運站附近的府中門市
整間店以可愛寶可夢進行設計,打造有如一間寶可夢中心一樣

在店外首先看到的是最受歡迎極巨化皮卡丘、噴火龍、拉普拉斯
讓各位寶可夢訓練家們在遠處就能發現…

Posted by 7-ELEVEN on Saturday, 30 January 2021

ထိုင်ခုံတွေပေါ်မှာတော့ Poké  Ball, Great Ball, The Ultra Ball နဲ့ Master Ball စတာတွေကို ပုံနှိပ်ရေးဆွဲထားပါတယ်။ ဒါ့ပြင် နာမည်ကြီး console ဂိမ်းတစ်ခုဖြစ်တဲ့ Pokémon Ga-Olé နဲ့ ဆိုင်ဧည့်သည်တွေကစားလို့ရအောင် switch console ကိုလည်း စီစဉ်ထားပေးပါတယ်။ စတိုးဆိုင်မှာ Nintendo Switch consoles တွေနဲ့ ပိုကီမွန်ဂိမ်းတွေကိုလည်း ရောင်းချတယ်လို့ သိရပါတယ်။

READ
အိမ်သာခွက်ထဲက ခလောက်မြွေ(၁)ကောင်ကိုတွေ့ရာကနေ အိမ်ထဲမှာပါ မြွေအများအပြားရှိနေ
facebook/711open

ဆိုင်ထဲမှာ ပိုက်ီမွန်ကောင်လေးတွေရဲ့ အရုပ်အမျိုးမျိုးကို အစုံတွေ့ရပါတယ်။ အစာသွပ်ထားတဲ့အရုပ်တွေ၊ အိတ်တွေနဲ့ စာရေးကိရိယာတွေကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။ သတင်းဌာနတွေအရ ဒီလို စပါယ်ရှယ် theme စတိုးဆိုင်တွေကိုဖွင့်တာ ဒီတစ်ကြိမ်ဟာ နောက်ဆုံးအကြိမ်တော့မဟုတ်တဲ့အကြောင်းဆိုပါတယ်။ မကြာသေးခင်ကလည်း တိုင်ပေမှာလည်း Snoopy-themed စတိုးကို ပထမဆုံးဖွင့်လှစ်ခဲ့တယ်လို့ asiaone အရ သိရပါတယ်။

ShweMom

SHARE