Taurus (ပြိဿရာသီဖွား)တွေရဲ့ မေလ ကံကြမ္မာဟောစတမ်း

ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူတွေကိုတော့ ပြိဿရာသီဖွားလို့ သတ် မှတ်ကြပါတယ်။ဒီရာသီဖွားတွေရဲ့ မေလကံကြမ္မာဟောစတမ်းကတော့ အလု ပ်ကိစ္စတွေအစား အိမ်တွင်းရေးကိစ္စတွေနဲ့စိတ်ခံစားချက်တွေဘက်ကို ဦး လှည့်ေ နရမယ့် အချိန်ပါ။တခြားလူတွေရဲ့ အကူအညီမယူပဲ ကိုယ် ပိုင်အတွေးအခေါ်၊ အကြံဥာဏ်နဲ့ အကြံအစည်တွေကို ချမှတ်နိုင်ပါလိမ့်မယ်။ဘ၀အတွက် လမ်းသ စ်ထွင်မယ့် အစီအစဉ်တွေရှိမယ်ဆိုရင်တော့ ဒီလမှာ စတင်ဆောင်ရွက်သ င့်ပါ တယ်။ဒီလမှာတော့ Venus (သောကြာဂြိုဟ်)ရဲ့ လွှမ်းမိုးမှုကြောင့်  ကိုယ်ရည် ကိုယ်သွေးတွေ တောက်ပနေပါလိမ့်မယ်။သင့်ရဲ့ ၀တ်ပုံစားပုံ နေပုံထိုင်ပုံတွေက အများအမြင်မှာ တမူထူးခြားပြီး ကြည့်ကောင်းနေပါလိမ့်မယ်။

အလုပ်အကိုင် -မေလမှာတော့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အပြောင်းအ လဲတွေနဲ့ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သူများနဲ့လက်တွဲ ဆောင်ရွက်တဲ့ အခါမျိုးမှာ အရှုပ်အထွေးပြဿနာနဲ့ဆူဆူပူပူအခြေ အနေတွေနဲ့ကြုံရနိုင်ပါတယ်။ သတိထားဆောင်ရွက်ပါ။အလုပ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ပြဿနာတွေနဲ့  ကြုံရနို င်ပြီး အလုပ်ထွက်ရတဲ့ အခြေအနေမျိုးအထိ ကြုံရနိုင်ပါတယ်။ကိုယ်ပိုင်လုပ်ငန်း စတင်ဆောင်ရွက်ပါ။ (၂၀)ရက်နေ့ေ နာက်ပိုင်းကျမှသာ ကောင်းပါလိမ့်မယ်။

READ
Capricorn (မကာရ)ရာသီဖွားတွေကို ချစ်မိသူတိုင်း သိထားသင့်တဲ့ အချက်များ

ငွေရေးကြေးရေး – ငွေရေးကြေးရေးကတော့ ဒီလမှာ ကံကောင်းနေပါတယ်။ (၂၀)နောက်ပိုင်းကျမှာသာပိုကောင်းပါလိမ့်မယ်။မိသားစုရဲ့အထောက်အပံ့ကိုရပါလိမ့်မယ်။ရင်းနှီးမြှုပ်နှံမယ့်ကိစ္စ၊ငွေပေး ငွေယူကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်မ ယ်ဆိုရင်တော့ (၁၂)ရက်နေ့ နောက်ပိုင်းကျမှသာ ဆောင်ရွက်ဖို့ အကြံပြုချင် ပါတယ်။အိမ်အရောင်းအ၀ယ်ကိစ္စမျိုးဆိုရင်တော့ လကုန်ပိုင်းလောက်ကျမှသာ လုပ်ဆောင်ပါ။

မေတ္တာရေး – Single သမားတွေအဖို့ စန်းပွင့်မယ့်လပါ။Crush ရှိရင်တော့ ဒီလမှာ ချဉ်းကပ်ကြည့်ပါ။ဒီလမှာတော့ သင့်ရဲ့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲဆောင်နိုင်မှုစွမ်းအား မြင့်မားနေမှာပါ။ခဏတာအပျော်အချစ်တွေအပေါ် သာယာနေပြီး တကယ့်အချစ်စစ်၊အချစ်မှန်အပေါ် အာရုံမစိုက်မိ၊သတိမပြုမိပဲ ဖြစ်နေတတ်ပါတယ်။Rsသမားတွေကတော့စိတ်သဘောထားမတိုက်ဆိုင်တာတွေနဲ့ကြုံရနိုင်ပြီး လမ်းခွဲရတဲ့ အခြေအနေမျိုးနဲ့ကြုံရနိုင်ပါ တယ်။အိမ်ထောင်ရှင်ေ တွအနေနဲ့ ကလေးယူမယ့် အစီအစဉ်ရှိရင် ဒီလမှာ ခဏ ရွှေ့ဆိုင်းထားဖို့ အကြံပြုပါရစေ။

ကျန်းမာရေး– ပြီးခဲ့တဲ့လနဲ့ယှဉ်ရင်တော့ ဒီလမှာ ကျန်းမာရေးအခြေအနေပိုေ ကာင်းနိုင်ပါတယ်။အသက်ကို ဥာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကျန်းမာချင်ရင် အနေအထိုင် အစားအသောက်ကို ဆင်ခြင်ပါ။စိတ်ဖိစီး၊ဒေါသထွက်စရာတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ခြုံပြောရရင်တော့ ဒီလမှာ ငွေကံကောင်းပေမယ့် အချစ်ရေးနဲ့အလုပ်အကိုင်ကိစ္စတွေကတော့ အနည်းငယ်ညံ့ကြုံနိုင်ပါတယ်။

READ
မေထုန်( gemini )ရာသီဖွားတွေကို ချစ်မိသူတိုင်း သိထားသင့်တဲ့အချက်များ

Nilar(Shwemom)

Ref;Sunsigns

SHARE