ပြိဿ(Taurus)ရာသီဖွား ကောင်မလေးတွေရဲ့ အချစ်နဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထား

ဧပြီ(၂၀)မှ မေ(၂၀)ရက်နေ့ အကြား မွေးသူတွေကိုတော့ Taurus (ပြိဿရာ သီဖွား)လို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားကောင်မလေးတွေလက်ခံထားတဲ့ အချစ်နဲ့သူတို့ရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်နေစိတ်ထားတွေကို ဖော်ပြပေးချင် ပါတယ်။ဒီရာသီဖွားကောင်မလေးတွေဟာ တစ်ခုခုကိုဆိုရင် အရမ်းကို ခံစား လွယ် တတ်သူ၊အရမ်းလည်း ချစ်တတ်ကြသူတွေပါ။relationships တစ်ခု တည်ဆောက်ပြီဆိုရင် အရမ်းကို ဂရုတစိုက်နဲ့ သတိထားတတ်ကြပြီး ဘယ်အ ရာကို မဆို အမြဲတမ်း လေးလေးနက် နက် တွေးတတ်ကြ သူတွေပါ။ ခင်ပွန်းနဲ့ ချစ်သူအပေါ်မှာလည်း အမြဲတမ်းစစ်ဆေးစောင့်ကြည့်တတ်ပါတယ်။ ဒါဟာ မယုံလို့ ဆိုတာမျိုးမဟုတ်ပဲ သူ့ရဲ့ သဘာဝကိုက အဲ့ဒီလို မျိုးပါ။

ကောင်းတဲ့ အချက်ကို ပြောပါဆိုရင်တော့ ဘယ်သူ့ကိုမှ အတင်း တွန်းအား ပေး တာမျိုး မလုပ်တတ်ပါဘူး။နောက်တစ်ချက်ကတော့ ဘယ်တော့ မှ လွယ်လွယ်နဲ့ လူတစ်ယောက်ကို မချစ်တတ်သလို၊အဲ့ဒီလူရဲ့ ဘ၀ထဲကို လွယ်လွယ် နဲ့ မ၀င်တတ်ပါဘူး။ဒါဟာလည်း သူတို့ရဲ့relationships တိုင်းဟာ အမြဲတမ်း ခိုင်မြဲရှည်ကြာရတဲ့ အဓိက အကြောင်းအရင်းပါ။ချစ်ရသူကိုလည်း အမြဲတမ်း လေ့လာပြီး သူဘာကြိုက်တတ်တယ်၊ဘာလိုချင်တယ်ဆိုတာကို အမြဲ ဂရုတ စိုက်နဲ့ စောင့်ကြည့်တတ်သူပါ။right person ကိုပဲ လိုချင်တယ်ဆိုတာကတော့ သူ့ရဲ့နံပါတ်တစ်ပါ။နောက်ဆုံး လက်ထပ်ပြီး ဆိုရင်လည်း အပြည့်အ၀ ယုံမှတ် ပုံအပ်ပြီး သစ္စာရှိတတ်သူပါ။

READ
Capricorn (မကာရ)ရာသီဖွားတွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

Taurus (ပြိဿရာ သီဖွား)အမျိုးသမီးတွေရဲ့ Relationships

သူတို့ဟာ အမြဲတမ်း တစ်ယောက်ယောက်နဲ့ ဒိတ်တော့မယ်ဆိုရင် အမြဲတမ်း သေချာအောင် စောင့်ကြည့်၊အချိန်ယူတတ်ပါတယ်။ကြင်နာတတ်တဲ့ စိတ်လည်း အပြည့်အ၀ရှိသူဖြစ်တာကြောင့် ချစ်သူတော်မိရင်တော့ သေချာ ပေါက် စိတ်ချမ်း သာရမှာပါ။အချစ်နဲ့ပတ်သက်ရင်လည်း အရမ်းကြီး မျှော်လင့်ပြီး တောင်း ဆိုတာ မျိုး မလုပ်တတ်သူပါ။တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ သူမရဲ့ အကျင့်ကြောင့် သူမနဲ့ တွဲတဲ့ အခါမှာ သင့်အတွက်တည်ငြိမ်ပြီး Romantic ဆန်တဲ့ Rs တစ်ခုကို သေချာပေါက် ခံစားရမှာပါ။ရန်ပွဲတွေကို အတတ်နိုင်ဆံး ရှောင် ရှား တတ်တာကြောင့် ရန်ဖြစ်လို့ စိတ်ညစ်ရတာမျိုးလည်း သိပ်ရှိမှာ မဟုတ်ပါဘူး။

သူတို့မှာ ယောက်ျားတွေရဲ့ စိတ်ဝင်စားမှုတွေကို ဆွဲဆောင် သိမ်းပိုက် နိုင်တဲ့ ပင်ကိုယ်အစွမ်းရှိပါတယ်။အတွေးအခေါ် စဉ်းစားဥာဏ်ရှိသူဖြစ်ပြီး ရိုမန်တစ် ဆန်တဲ့ အရာတွေကို ကြိုက်တတ်ပါတယ်။စကားပြောကြပြီဆိုရင်လည်း သူမဟာ ချစ်သူပြောတဲ့ စကားတွေကို ကောင်းကောင်း နားထောင် ပေး တတ်သူပါ။သူမရဲ့ စိတ်ကို သိမ်းပိုက်ချင်တယ်ဆိုရင်တော့ လီလီ(သို့) သစ်ခွ ပန်းစည်းကို လက်ဆောင် ပေးကြည့်ပါ။

READ
Scorpio (ဗြိစ္ဆာရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

Ref;sunsigns

 

SHARE