လမ်းမပေါ်အမှိုက်ပစ်ခဲ့လို့ မှတ်လောက်အောင် အပစ်ပေးလိုက်တဲ့ တက္ကစီကားဆရာ

ရုရှားနိုင်ငံ St. Petersburg ပတ်ဝန်းကျင်တစ်နေရာမှာ ဒီအဖြစ်အပျက်ဟာဖြစ်ပွားခဲ့တာပါ။ ဗီဒီယိုရိုက်ကူးသူဟာ တက္ကစီကားတစ်စီးအနောက်မှာပါလာတာဖြစ်ပြီး လိုက်ပါစီးနင်းလာတဲ့ ခရီးသည်ဟာ စည်းကမ်းမဲ့ အမှတ်မထင် လမ်းမပေါ်ကို အမှိုက်ပစ်ချခဲ့ပါတယ်။

Viral Hog

သဘာဝပတ်ဝန်းကျင်ကို သိပ်အလေးထားတဲ့ ရုရှားမှာမှ အခုလို စည်းကမ်းမဲ့ အမှိုက်ပစ်ချတယ်ဆိုတော့။ တက္ကစီဆရာဟာ ကားကို ချက်ချင်းဆိုသလို ရပ်ပစ်လိုက်ပြီး အမှိုက်ကို ပြန်ကောက်ပြီး ကားထဲ ထည့်လိုက်ပါတယ်။ နောက်တော့ ကားတစ်ကားကို ဖွင့်ကာ အမှိုက်ပစ်ချခဲ့တဲ့ ခရီးသည်ကို သူ့ဗလကြီးနဲ့ အမှိုက်ထုပ်ပစ်သလိုပဲ လမ်းမပေါ်ကို ပစ်ချကာ ကားကို ကွေ့ပြီး မောင်းထွက်သွားခဲ့ပါတယ်။

Viral Hog
Viral Hog

ဒီဗီဒီယိုဟာ လူမှုကွန်ယက်တွေပေါ်မျာ ပြန့်သွားပြီတဲ့အခါမှာဆိုရင်တော့ ကားသမားဘက်ကထောက်ခံသူတွေ အများအပြားရှိလို့နေပါတယ်။ လူဆိုတာ တစ်ယောက်တည်း စည်းကမ်းရှိနေလို့လည်း မပြီးသေးပါဘူး။ အားလုံးစည်ကမ်းရှိပါကာမှ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာပါ။

လမ်းမပေါ်ကို ပစ်ချခံလိုက်ရတဲ့ ကိုယ်လူချောတစ်ယောက်တော့ တော်တော်အီစိမ့်သွားမှာ မြင်ယောင်နေပါသေးတယ်။

READ
ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ Greta Thunberg ကို ချီးကျူးလိုက်တဲ့ လီယိုနာဒို

Source : Unilad

Penny

SHARE