(၁၆)နှစ်အရွယ်ကျောင်းသားကို အဓမ္မကျင့်တဲ့အမေရိကန်ဆရာမကိုဖမ်းဆီး

Kasey Warren အမည်ရတဲ့ အသက်(၂၇)နှစ်အရွယ် ဆရာမတစ်ယောက်ဟာ အသက်(၁၆)နှစ်အရွယ် ကျောင်းသားတစ်ယောက်ကို အဓမ္မကျင့်ခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရပါတယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု၊Kentucky ပြည်နယ်က Carlisle County Schools District ကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါ
တယ်။

လက်ရှိအချိန်မှာတော့ ဆရာမ Kasey ဟာ အသက်(16)နှစ်အရွယ် ကျောင်းသားကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ပြု
လုပ်ရုံတင်မကဘဲ အခြားတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့ နှစ်ပတ်အကြာက အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ ကျောင်းသားတွေရဲ့ နာမည်ကို ရဲတပ်ဖွဲ့ ထုတ်ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒီအဖြစ်အပျက်ကို အဓမ္မအကျင့်ခံရတဲ့ ကောင်လေးက ရဲတပ်ဖွဲ့ကို သွားရောက်တိုင်တန်းခဲ့တာလို့ ယူဆရပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အဓမ္မအကျင့်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ်ပတ်ကလည်း ဆရာမ Kasey ဟာ အခြားတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု လုပ်ခဲ့တယ်လို့ တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

READ
အိမ်ခြေရာမဲ့တွေအတွက် ကိုယ်ပိုင်တီထွင်မှုတစ်ခုကို လက်တွေ့ပြခဲ့တဲ့ မီလီယံနာတစ်ဦး

သူမကို ရဲတပ်ဖွဲ့က ဓမ္မတာနဲ့ဆန့်ကျင်၍လိင်ဆက်ဆံမှု သုံးကြိမ်၊ အဓမ္မပြုကျင့်မှု သုံးကြိမ်အတွက် ရဲတပ်ဖွဲ့က တရားရုံးမှာ အမှုတည်ဆောက်နေပါတယ်။ Kentucky State Police ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆရာမ Kasey ဟာ Carlisle County Schools District ကျောင်းမှာ အလုပ်ရတာ မကြာသေးကြောင်း၊ ယခုအချိန်မှာ ကျောင်းမှ ထုတ်
ပယ်ထားကြောင်းပြောပါတယ်။ ဆရာမ Kasey ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးလိုဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး ရုံးချိန်က စက်တင်ဘာ (15)ရက်က ပြီးဆုံးခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE