Artificial intelligence (လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု)တွေတီထွင်ခြင်းဖြင့် ကမ္ဘာအလုပ်သမားထုကြီးရဲ့ ၁၅ % ကို အလုပ်လက်မဲ့ ဖြစ်သွားစေနိုင်တဲ့ အတွက် ဒီ တီထွင်ခြင်းဟာ လူသားတွေအတွက် ကပ်ဆိုးကြီး တစ်ခု ဖြစ်လာစေနိုင်တယ် လို့ နည်းပညာသူဌေး အီလွန် မတ်စ်က ဆိုခဲ့ပါတယ်။
ဒီစကားကို ဒူဘိုင်းမှာ ကျင်းပတဲ့ ကမ္ဘာထိပ်သီးအစိုးရများတွေ့ဆုံပွဲမှာပြောခဲ့ပြီး နေစကြာဝဠာထဲကို အာကာသယာဉ်များဖြင့် ခရီးသွားခြင်းဟာ နောင်အနှစ် ၅၀ အတွင်းမှာ လေယာဉ်ပျံစီးနေကြသလို ခေတ်စားလာတော့မှာ ဖြစ်တယ်။နောက်ပြီး အလိုအလျောက် မောင်းနှင်တဲ့ ကားတွေဟ လူသားတွေ မောင်းနှင်တဲ့ ကားတွေ နေရာကို နောက် ၁၀ နှစ်အတွင်း အစားထိုးလာမှာ ဖြစ်တယ်၊လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။
နည်းပညာသူဌေးဖြစ်သူ အီလွန် မတ်စ်က UAE နိုင်ငံ ပြည်တွင်းရေး ၀န်ကြီးဖြစ်သူ မိုဟာမက် အဗ္ဗဒူလာ အလာဂါဝီနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာ ဖြစ်ပြီး ပရိတ်သတ်ဘက်သို့ လှည့်ပြီး ” ဒုက္ခအရောက်ရဆုံးမေးခွန်းကတော့ Artificial intelligence ဖြစ်ပါတယ်။ကျွန်တော်က Artificial intelligence အနိမ့်စားလေးတွေကိုပြောတာမဟုတ်ပါဘူး။တကယ်လို့ ကမ္ဘာပေါ်က လူသားတွေအားလုံးထက် ဥာဏ်ရည်ပိုင်းဆိုင်ရာပိုသာတဲ့ Artificial intelligence ကို တီထွင်နိုင်ပြီဆိုရင် ကမ္ဘာပေါ်က လူသားတွေ အကုန်လုံး ဒုက္ခရောက်မှာ ဖြစ်ပါတယ်။”
သူဟာ အဲ့ဒီအချိန်မှာလည်း ကမ္ဘာခေါင်းဆောင်တွေဘက်ကို လှည့်လိုက်ပြီး ” Artificial intelligence တီထွင်မှုဆိုင်ရာ တိုးတက်မှု တွေကိုလည်း သေချာ ဂရုစိုက်ကြပါ။သိပ္ပံပညာရှင်တွေ သူတို့ရဲက တီထွင်မှုတွေအပေါ်ကို ထိန်းချုပ်မှု မလွတ်သွားအောင် သေချာလုပ်ကြပါ။ပညာရှင်တွေဟာ သူတို့ရဲ့ လုပ်ငန်းတွေအပေါ်မှာ ဈန်ဝင်နေတဲ့ အတွက် အကျိုးဆက်တွေကို သတိမထားနိုင်တတ်ကြဘူး ” လို့ သတိပေးခဲ့ပါသေးတယ်။
A.I တွေဟာ ကောင်းသလား ဆိုးသလားဆိုတာကို အီလွန် မတ်စ်ကိုမေးမြန်းခဲ့တဲ့အခါမှာ အီလွန်မတ်စ်က နှစ်ခုလုံးပဲလို့ ပြန်ဖြေခဲ့ပါတယ်။” A.I တွေဟာဂြိုဟ်သားတွေလိုပါပဲ။ဒါပေမဲ့ ဒဿနဗေဒအရရော ရူပဗေဒအရရော ဂြိုဟ်သားဆိုတာကို သက်သေမပြနိုင်ကြပါဘူး။ဒါပေမဲ့ ဂြိုဟ်သားတွေက ကျွန်တော်တို့ ကြားမှာပဲရှိတယ်လို့ လူတစ်ချို့ ကယုံကြည်ကြပါတယ်။လူတစ်ချို့ ကတော့ ကျွန်တော်ကို ဂြိုဟ်သားလို့ ထင်ကြပါတယ်။ကျွန်တော်က ဂြိုဟ်သားတော့ မဟုတ်ပါဘူး။” လို့ ဟာသပြောခဲ့ပါသေးတယ်။
လူတွေအားလုံးဟာ နည်းပညာအပေါ် တစ်နေ့ထက်တစ်နေ့ ပိုပြီးမှီခိုလာရတဲ့ အတွက် cyborgs(လူတစ်ဝက် စက်တစ်ဝက် လူသားတွေ) ဖြစ်ကုန်ပြီလို့ဆိုခဲ့ပါတယ်။”ကျွန်တော်တို့အားလုံးဟာ cyborgs တွေ ဖြစ်နေကြပါပြီ။ဘာကြောင့်လဲ ဆိုတဲ့ ကျွန်တော်တို့ ဆီမှာရှိတဲ့ Digital စက်ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ကွန်ပျုတာ၊App တွေ ၊မေးခွန်းတစ်ခုခုရှိရင် Google ကနေ အဖြေရှာတတ်ခြင်းတွေကြောင့် ကျွန်တော်တို့ဟာ cyborgs(လူတစ်ဝက် စက်တစ်ဝက် လူသားတွေ) ဖြစ်နေပြီလို့ ဆိုရမှာပါ။” အီလွန် မတ်စ်က ဆိုခဲ့ပါတယ်။
အီလွန်မတ်စ်ဟာ သူ့ကုမ္ပဏီဖြစ်တဲ့ SpaceX ဟာလည်း နေစကြ၀ဠာအနှံလူသားတွေ သွားရောက် နိုင်ဖို့ လုပ်ဆောင်နေတယ် လို့ဆိုခဲ့ပါတယ်။
“ကျွန်တော်တို့ Mars ဂြိုဟ် ၊ဂျူပီတာ ဂြိုဟ်တွေနဲ့ နေစကြ၀ဠာ အနီးအနားက ဂြိုဟ်တွေကို အနှစ် ၅၀ အတွင်း ယနေ့ခေတ် လေယာဉ်တွေ စီးနေကြသလို့ပဲ သွားနိုင်လာမယ်လို့ ထင်ပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။Paypal ကိုစတင်ထူထောင်ခဲ့သူ ဖြစ်တဲ့ အီလွန်မတ်စ်ဟာ အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီဖြစ်တဲ့ SpaceX ကို ၂၀၀၂ ခုနှစ်မှ တည်ထောင်ခဲ့ပြီး အာကာသ ခရီးသွားလာရေး ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်နဲ့ Mars ဂြိုဟ်မှာ လူသားတွေ သွားရောက် နေထိုင်နိုင်ရန် ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Lumos (Shwemom)
Ref : The Sun