ဆိုရှယ်မီဒီယာတစ်ခုမှာ အနိုင်ကျင့်ခံခဲ့ရလို့ အဆုံးစီရင်သွားခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး

အင်္ဂလန်နိုင်ငံ ယော့ရှီးလ်ယားပြည်နယ် အရှေ့ပိုင်း ရှိ ရောလ်ကလစ်ဖ်မြို့ (Rawcliffe)တွင် အသက် ၁၅ နှစ်အရွယ် ဂျော့ဟတ်ဆေး (George Hessey)ဆိုသူ လူငယ်လေးတစ်ယောက်ဟာ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ thesayat.me ကို အသုံးပြုရင်း အနိုင်ကျင့်ခံရပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ (thesayat.me ဟာ သင့်ရဲ့ အကြောင်းကို အမည်ဖော်ပြထားခြင်းမရှိသူများက ထင်မြင်ချက် ၀င်ရောက်ရေးသားနိုင်တဲ့ ဆိုရှယ်မီဒီယာ တစ်ခုဖြစ်ပါတယ်။)

ဂျော့ဟတ်ဆေးရဲ့ သူငယ်ချင်းများကတော့ Facebook မှာ ၀မ်းနည်းကြောင်းအမှတ်တရ စာများရေးသားခဲ့ပြီး သူငယ်ချင်းတစ်ယောက်ကတော့ ” ဂျော့ဟာ လူအများကို ဂရုစိုက်တဲ့ သူတစ်ယောက်ဖြစ်ပြီး လူတိုင်း နဲ့ အဆင်ပြေအောင်ပေါင်းသင်းတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ဂျော့ဟာ ဒီလိုနည်းနဲ့တော့ မသေသွားသင့်ပါဘူး။သူ့ကို Sayat.me မှာ ပြောဆိုသွားတဲ့ သူကတော့ ကိုယ်အပြစ်ကို သိပြီး တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရမှာပါ ” လို့ရေးသားခဲ့ပါတယ်။

READ
မင်္ဂလာစရိတ်မတင်နိုင်တဲ့ဇနီးလောင်းရဲ့နှာခါင်းကို ဓားနဲ့လှီးတဲ့အမျိုးသား

Sayat.me ရဲ့ CEO ဖြစ်သူ ဖြစ်သူ ဟန်တယ်ဗင်း (Hanna Talving)ကတော့ ” ရဲတပ်ဖွဲ့က အနိုင်ကျင့်ခံရလို့ မိမိကိုယ်ကို သတ်သေသွားတဲ့အမှုအခင်းများကို စုံစမ်းနေပါတယ်။ကျွန်မတို့အနေနဲ့ ဒီလိုအနိုင်ကျင့်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဂျော့မိသားစု နဲ့ထပ်တူထပ်မျှခံစားရပါတယ်။ကျွန်မတို့ Site မှာ ဒီလိုအနိုင်ကျင့်တဲ့ အမှုအခင်းများမရှိအောင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။ကျွန်မတို့ ဒီဖြစ်ရပ်ပေါ်မှာ ဘယ်လောက်အလေးထားကြောင်းပြချင်တဲ့အတွက် ကျွန်မတို့ Website ကို ယာယီ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ ” လို့ Telegraph သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဂျော့ရဲ့ မိသားစုကို ငွေလျှုဒါန်းဖို့အတွက် ရောလ်ကလစ်ဖ်မြို့သူမြို့သားတွေက အလျှုငွေလိုက်လံကောက်ယူပေးနေပြီး မိသားစုကို နှိမ့်သိမ့်ပေးနေတယ် လို့သိရပါတယ်။

ဂျော့ရဲ့သူငယ်ချင်းများအားလုံးစုပေါင်းကာ ရောလ်ကလစ်ဖ်မြို့ဘုရားကျောင်းတွင် စုဝေးခဲ့ကြပြီး ရောလ်ကလစ်ဖ်မြို့ဘုရားကျောင်း သိက္ခာတော်ရဆရာ ဖြစ်သူ ဖိလစ်ဘောလ် ( Reverend Philip Ball)က ဂျော့အတွက် ဆုတောင်းဝတ်ပြု အခမ်းအနားပြုလုပ်ပေးခဲ့ကြပါတယ်။

READ
သားပိုက်ကောင်ကို အငမ်းမရမြိုဖို့ ကြိုးစားရင်း အသက်ရှုကြပ်သေဆုံးခဲ့တဲ့ စပါးအုံးမြွေကြီး

” ကျွန်တော်တို့တွေဟာ ပုံမှန် ၀တ်ပြုစည်းဝေးပွဲ အချိန်မရောက်ခင်မှာ ဂျော့အတွက် ဖယောင်းတိုင်များကိုင်ကာ ဆုတောင်းပေးခဲ့ကြပြီး မိသားစုကို နှစ်သိမ့်ပေးခဲ့ကြပါတယ်။တစ်မြို့လုံးက လူထုများက ဂျော့အတွက် သူတို့ဝမ်းနည်းကြောင်းကို ညီညီညာညာနဲ့ ပြသခဲ့ခြင်းအပေါ် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ” လို့ ဖိလစ်ဘောလ်က ပြောကြားခဲ့ပါတယ်။

ဂျော့တို့တက်ခဲ့တဲ့ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဘလက်လဒ်ကတော့  မြို့သူမြို့သားအားလုံးဟာ ဂျော့သေဆုံးသွားခဲ့ခြင်းအတွက် စိတ်ထိခိုက်ခဲ့ကြတယ် လို့ဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာ ရောလ်ကလစ်ဖ်မြို့ရဲတပ်ဖွဲ့ကလည်း ဂျော့ရဲ့ မိသားစုကို ထောက်ပံ့မှုတွေပြုလုပ်ပေးနေတယ် လို့သိရပါတယ်။

Slash ( Shwemom )

Ref : The Sun

SHARE