ကျောင်းသားတွေကိုအာရုံထွေပြားစေတယ်ဆိုပြီး ကျောင်းသူလေးကိုအ၀တ်အစားလဲခိုင်း

ဆယ်ကျော်သက်အရွယ်ကျောင်းသူကလေးတစ်ဦးကို ကျောင်းသားတွေစိတ်အာရုံထွေစေတယ်လို့ဆိုပြီး ကျောင်းကအ၀တ်အစားလဲခိုင်းခဲ့တာကို The Mirror သတင်းမှာစိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ အသက်၁၃နှစ်အရွယ်ရှိတဲ့ ကလေးမလေး Demetra Alarcan ဆိုသူဟာ ကယ်လီဖိုးနီးယားပြည်နယ် Los Gatos ၊ Fisher Middle School ကကျောင်းသူလေးတစ်ယောက်ပါ။ ပြီးခဲ့တဲ့လက သူမကိုဆရာတစ်ယောက်ကနေ သူမအ၀တ်အစားကတိုလွန်းတယ်လို့အပြောခံရကာ အ၀တ်အစားလဲခိုင်းခဲ့ပါတယ်။

(Image: CBS San Francisco)

သူမရဲ့အဖေဖြစ်သူ Tony က သူ့သမီးအတွက်ဒီဝတ်စုံကိုဝယ်ပေးခဲ့တာပါ။ စွပ်ကျယ်အင်္ကျီရိုးရိုးလေးတထည်နဲ့ ဘောင်းဘီတိုလေးပါ။ Tony ကတော့ကယ်လီဖိုးနီးယားရဲ့ အပူချိန်ကတအားပြင်းနေတဲ့အတွက်ကြောင့် ဒီလိုအ၀တ်အစားမျိုးကို လက်ခံသင့်တယ်လို့ယူဆပါတယ်။ သူကမိန်းကလေးငယ်လေးတွေဟာ အ၀တ်အစားအတွက်နဲ့မမျှမတပစ်မှတ်ထားခံနေရတယ်လို့လည်းဆိုပြီး အပြင်မှာအတော်ပူအိုက်နေတဲ့အတွက်ကြောင့် သူ့သမီးကဘောင်းဘီအတိုဝတ်တာဖြစ်တယ်လို့ဆိုပါတယ်။

Tony ကအချို့ကျောင်းတွေက အ၀တ်အစားဝတ်တာနဲ့ပတ်သတ်ပြီး မိန်းကလေးတွေကိုပဲ အဓိကစည်းကမ်းထားတဲ့အကြောင်းပြောပါတယ်။ ကလေးမလေးကလဲ ယောကျာင်္းလေးတွေက အ၀တ်အစားနဲ့ပတ်သတ်ပြီး စည်းကမ်းချိုးဖောက်ပေမယ့် အပြစ်ပေးခံရတာကို သူမတွေ့ခဲတယ်လို့ဆိုပါတယ်။

(Image: CBS San Francisco)

Tony ကတော့ ကျောင်းသူလေးတွေအပေါ်မှာ လွန်လွန်ကျူးကျူးထိန်းချုပ်တာတွေက သူတို့ကိုကောင်းမွန်တဲ့သက်ရောက်မှုမပေးနိုင်ဘူးလို့ဆိုပါတယ်။ အ၀တ်အစားစည်းကမ်းနဲ့ ပတ်သတ်ပြီး ကလေးတွေကိုစိတ်ခံစားမှုတွေမဖြစ်စေပဲနဲ့ မျှတပြီး လက်တွေ့ကျတဲ့ဝတ်ဆင်ခွင့်စံနစ်ရှိဖို့လိုတယ်လို့ဆိုပါတယ်။ လိင်ကိစ္စနဲ့ပတ်သတ်ပြီး သူတို့ခန္ဓာကိုယ်ကိုသူတို့ပြန်မေးခွန်းထုတ်စေနိုင်တဲ့အတွေးမျိုးတွေမဖြစ်စေသင့်တဲ့အပြင် တကယ်တော့၁၃နှစ်ဆိုတာကလေးတွေပဲရှိသေးတာပါလို့ဖွင့်ပြောသွားပါတယ်။ ကလေးမလေးရဲ့ကျောင်းကတော့ ကျေင်းရဲ့ မူဝါဒကိုပြန်လည်စစ်ဆေးပြီး မူဝါဒပြောင်းမပြောင်းကို မကြာခင်ကြေငြာမယ်လို့သိရပါတယ်။

READ
လူ(၈)ဦးသေခဲ့တဲ့ ရွှံ့မြေပြိုမှုမှာ၊ မြေစာပုံထဲမှ ကောင်မလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE