ခြေရောလက်ရော မပါပေမယ့် ဘဝကိုအရှုံးမပေးသူ

မွေးကတည်းက ခြေလက်မပါပေမယ့် ဘ၀ကို အနိုင်မခံအရှုံးမပေးတဲ့ စိတ်နဲ့ ချီတက်နေတဲ့ အသက်(17)နှစ်အရွယ်
အင်္ဂလန်ကျောင်းသားလူငယ်လေးရဲ့ အကဗွီဒီယိုဖိုင်လေးဟာ အင်တာနက်ပေါ်မှာ ပျံ့လွင့်လာပါတယ်။ အဆိုပါ
ကျောင်းသားရဲ့အမည်က Gabe Adams ဖြစ်ပြီး သူဟာ မွေးဖွားစဉ်ကတည်းက ခြေလက်မပါခဲ့ပါဘူး။

https://youtu.be/WntvQq9l_zs

သူဟာ Davis အထက်တန်းကျောင်းကို တက်ရောက်နေသူဖြစ်သလို အဲဒီကျောင်းရဲ့ အကအဖွဲ့မှာလည်း အဖွဲ့ဝင်
တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့အပတ်ကလည်း ဘက်စကတ်ဘောလုံးကစားရာမှာလည်း ပါဝင်ခဲ့
တယ်လို့ ဆိုပါတယ်။ အကအဖွဲ့က Adams ရဲ့ အသင်းဖော်ဖြစ်တဲ့ Aimee Hoster ကတော့ Fox 13 ရုပ်သံဌာနနဲ့
တွေ့ဆုံရာမှာ “ သူ့ကို သေချာ သတိထားကြည့်မိတယ် … သူဟာ ကျွန်မကို ခဏလေးကို လွှမ်းမိုးသွားတယ် …
သူ ဒီအသင်းမှာ ဘာကြောင့်အရွေးချယ်ခံရလဲဆိုတာကိုလည်း သဘောပေါက်သွားတယ် ” ဟု ပြောဆိုခဲ့သည်။

READ
ရုံးချိန်အတွင်း ရုပ်ရှင်ပဲ ကြည့်နေလို့ ငွေအလွဲသုံးစားမှုနဲ့ တရားစွဲခံရတဲ့ ကုမဏီဝန်ထမ်းဟောင်း

2

 

3

အကနည်းပြဆရာမ Kim King ကတော့ “ သူတို့ သူ့မြင်တော့ … သူရဲ့ ခန္ဓာကိုယ်ဟာ ၀တ်ရဆင်ရတာ ဘယ်လို
ခက်ခဲကြောင်း၊ သူရဲ့ ကုလားထိုင်ပေါ်ကနေ အောက်ကိုရောက်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ တွေ့လိုက်ရ
တယ် … ဒါပေမယ့် ဒါတွေကို သူ့ဘာသာပဲ လုပ်သွားပါတယ် သူဟာ တစ်ခြားကလေးတွေနဲ့ အတူတူ ပါဘဲ …
သူရဲ့ မသန်စွမ်းမှုကို မြင်ရပေမယ့် … သူအတွက်တော့ ကျွန်မတို့လိုပဲ သွားရလာရတာ ဘာပြဿနာမရှိတာ
ကိုလည်း တွေ့ရမှာပါ ” ဟု ပြောဆိုခဲ့ပါတယ်။

Myanmar Online Media

Source: mirror

SHARE