ရည်းစားကPropose မလုပ်ခင်နာရီပိုင်းအလိုမှာ ဓာတ်လိုက်ပြီးသေဆုံးသွားတဲ့ကောင်မလေး

ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦးဟာ ချစ်သူကလက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေဆဲ နာရီပိုင်းအလိုမှာ သေဆုံးသွားခဲ့ပါတယ်။  သူမဟာ အားလပ်ရက်အပျော်ခရီးထွက်တုန်း ချွတ်ယွင်းနေတဲ့ရေပန်းအသုံးပြုရာမှ ဓာတ်လိုက်ပြီး သေဆုံးသွားတာပါလို့ The Sun သတင်းကဖော်ပြထားပါတယ်။

ဝမ်းနည်းစရာကောင်းတာက သေဆုံးသူ အမျိုးသမီးဟာ အသက် ၁၈နှစ်သာရှိသေးပြီး နာမည်ကတော့ Viktoria Stronskaya လို့ အမည်ရပါတယ်။ သူမရဲ့ချစ်သူက သူမနဲ့အတူချစ်ကြည်နူးဖွယ်ရာကောင်းတဲ့ အပျော်ခရီးမှာ သူမကိုလက်ထပ်ခွင့်တောင်းဖို့ရန် ကြိုတင်ကြံစည်ခဲ့ပါတယ်။

Pavel Kniazkov ကသူ့ရဲ့ကောင်မလေး Viktoria ကိုသူမသေတဲ့ နေ့မှာ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာပါ။

သူမရဲ့ ကောင်လေးက အသက် ၂၃နှစ်ရှိသူ Panel Kniazkov ဖြစ်ပါတယ်။ တစ်ညနေမှာ ကြမ္မာဆိုးတစ်ခုက ၀င်ရောက်လာပါတယ်။ သူမရေချိုးဖို့ အသွား ကောင်းကောင်းအလုပ်မလုပ်တဲ့ ဘွိုင်လာအိုးကြောင့် ဓာတ်လိုက်သေသွားတာပါ။ သူမချစ်သူပြောပုံအရ သူတို့မှာ ကြည်ကြည်နူးနူးနဲ့ ချစ်စရာကောင်းတဲ့ညနေခင်းလေးရှိခဲ့ပါတယ်။ ကမ်းခြေမှာ အကြာကြီးလမ်းမလျှောက်ခင် ပင်လယ်ထဲမှာ ရေကူးခဲ့ကြတယ်။ အဲဒီနောက်မှာတော့ သူမက ရေချိုးခန်းထဲကနေ ထွက်မလာတာကြာလို့ ၀င်သွားကြည့်တဲ့ အခါမှာ ရေပန်းအောက်မှာ အသက်မရှိတော့တာကို တွေ့ခဲ့ရပါတယ်။

READ
အင်ဒိုတောနက်ထဲမှာသာ တွေ့ရသည့် ဝက်ရုပ်ဆိုးခေါ် ရှားပါးဝက်မျိုးစိတ်တစ်ခု
ချစ်သူက ရေပန်းအောက်မှာတွေ့ရှိခဲ့တဲ့ အသက်ဝိဥာဏ်ကင်းမဲ့နေတဲ့ အသက် ၁၈နှစ်အရွယ်ကောင်မလေး

Kniazkov ရဲ့ ညီမတစ်ယောက်ကလည်း ဒီလိုပဲ ပြောဆိုခဲ့ပါတယ်။

” ညနေပိုင်းလမ်းလျောက်ပြီးတဲ့ နောက်မှာ Viktoria ကရေချိုးခန်းထဲ ၀င်သွားတယ်။ ကျွန်မအကိုက သူ့ကို သွားမေးကြည့်မလို့ လိုက်သွားတယ်။ တံခါးခေါက်တယ်။ ဘာမှအသံမပေးဘူး။ အဲဒါနဲ့ ကျွန်မအကိုလည်း ရေသံကြောင့် Viktoria မကြားတာပဲ ထင်နေတာ။ ၁၅မိနစ်ကြာတော့ သူလဲရေချိုးခန်းထဲ ၀င်လိုက်သွားတော့တာပဲ။”

Loo ရုရှားကျေးရွာအနောက်တောင်ပိုင်း ၊ Krasnodar krai  ဒေသထဲမှာရှိတဲ့ Sochi အပန်းဖြေမြို့နားမှာပါ။

 

” အဲဒီမှာ Viktoriaက ကြမ်းပြင်ပေါ်မှာ လဲကျနေတာ၊ လက်ထဲမှာရေချိုးပိုက်ကြီး ကိုင်ထားတုန်းပဲ။ ကျွန်မအကိုတောင် သူ့ကို အခန်းထဲကနေထုတ်တော့ ဓာတ်လိုက်ခံရသေးတယ်။ ကျွန်မအကိုက  သူမကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ခဲ့ပါတယ်။ အိမ်ပိုင်ရှင်က အလောင်းကို ကူသယ်ပေးပါတယ်။ အိမ်ငှားတဲ့သူတွေ အနေနဲ့  အိိမ်ထဲမှာရှိတဲ့ ပစ္စည်းကိရိယာတွေကို စစ်ဆေးကြည့်သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပေါ့ဆမှုက ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဖြစ်စေနိုင်ပါတယ်။ ”

သူမကိုတနင်္ဂနွေနေ့က အနောက်တောင်ဘက်ပိုင်းမှာရှိတဲ့ ရုရှားမြို့တော် Kislovodsk မှာ မြုပ်နှံခဲ့ပါတယ်။

READ
မသန်စွမ်းအမျိုးသမီးကို နှိပ်စက်ထားပြီး ကိုယ်တိုင်ပြန်ခံရမှာ ထိတ်လန့်နေတဲ့ လူငယ်များ

Shwemomမှ နောက်ထပ်စိတ်ဝင်စားစရာသတင်း

ပုရိသတွေကြား ရေပန်းစားနေတဲ့ ထိုင်း-ဂျာမန်ကပြားမလေးရဲ့ ဓာတ်ပုံများစုစည်းမှု

သူမဟာ Jannine Weigel ဆိုတဲ့အမည်နဲ့ အနုပညာတွေ လုပ်နေသူဖြစ်ပါတယ်။ Ploy Chompoo ဟာ သူမရဲ့ Thai Nickname ဖြစ်ပါတယ်။

Ploy Chompoo ဟာ ထိုင်း-ဂျာမန် စပ် လူမျိုး တယောက်ဖြစ်ပြီး Jannie Weigel ဆိုတဲ့ သူ့မရဲ့ You Tube Channel မှာ တင်ထားတဲ့ Cover Songတွေဟာ ကြည့်ရှုသူ ပရိတ်သတ် သန်းတစ်ရာထိ ရရှိ ထားသူ ဖြစ်ပြီး Net idolအဖြစ် ရပ်တည်နေ နိုင်ပါတယ်

  

သူမဟာ Facebook နဲ့ Instagram မှာ Followers ပေါင်းများစွာရရှိထားသူဖြစ်ပါတယ်။

  

 

 

SHARE